အခန်း ၁၉၄ + ၁၉၅( ကံမကောင်းလွန်းသူကို ရန်ရှန်း ဟု ခေါ်သည်...)

Começar do início
                                    

ထိုဒဏ်ရာကို အကြောင်းပြု၍ ဒါရိုက်တာလည်း အင်တာဗျူး တစ်ခု ရိုက်ကူးရန် အကြံရသွား၏။ ကင်မရာ သမားများက နံဘေး၌ ရှိနေပြီး ကုတင်ပေါ်တွင် ရန်ရှန်း လှဲနေ၏။

" နည်းပြရှုက ဒီလောက် အားလုံးမယ်လို့ ကျုပ် ထင်မထားဘူးဗျာ... ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် အဲဒီတုန်းက ကျုပ်လည်း သိပ် ပြင်ဆင်မထားဖြစ်ဘူး... ဒီလို ကိုင်ပေါက်မခံရအောင် သေချာ တောင့်မထားမိဘူးဗျာ... အက်ရှင်မင်းသား တစ်ယောက်အနေနဲ့ ဒီ အဖြစ်အပျက်ကနေ အတွေ့အကြုံ အများကြီး ရခဲ့ပါတယ်... "

ယောက်ျားပီသ ကြံ့ခိုင်သော အက်ရှင်မင်းသား တစ်ဦး၏ ပုံရိပ်ကို ကာကွယ်ရန် အင်တာဗျူးတွင် သူ ထိခိုက်ခဲ့ရသည့် အကြောင်းပြချက်ကို မမေ့မလျော့ ထည့်သွင်း ပြောကြားသွားသည်။

သူ့စကား အဆုံးတွင် ဘေးနားရှိ ခုတင်ပေါ်မှ ပတ်တီးစီးထားသော လူနာက ရယ်မောလေသည်။

ရန်ရှန်း လှည့်ကြည့်ရာ နံရံကို မှီကာ လက်ကို ခေါင်းအုံးထားသည့် တုတ်ခိုင်သော ကြွက်သားများနှင့် ယောက်ျားလေး တစ်ဦးကို တွေ့လိုက်သည်။ ထိုသူက ရန်ရှန်း ကို အထင်သေးစွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ပြတင်းပေါက်မှ တဆင့် အပြင်သို့သာ ဆက်ငေးနေ၏။

ထိုသူမှာ ဟူပင်း ပင်...။

ဒဏ်ရာများစွာ ရထားသော ထိုသူကို မြင်၍ ရန်ရှန်း က စစ်ဆရာဝန်ကို...

" စစ်တပ်မှာ ဒဏ်ရာရတဲ့သူတွေ ရှိတာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုပဲလား... "

စစ်ဆရာဝန်က...

" မဟုတ်ဘူး... ခြေချင်းဝတ် ခေါက်တာတို့ ခြေလက်ထိခိုက်တာတို့ ဒါမှမဟုတ် အအေးမိ ဖျားနာတာတို့တော့ ရှိတာပေါ့... ဒါပေမဲ့ ဒီရက်ပိုင်းထဲ ဒဏ်ရာ ကြီးကြီးမားမား ရတာ ခင်ဗျားတို့ နှစ်ယောက်ပဲ ရှိတယ်... ခင်ဗျားတို့ နှစ်ယောက်လုံးကလည်း လူတစ်ယောက်တည်း လက်ချက်နဲ့ အခုလို ဖြစ်သွားတာ... "

ဆရာဝန် ထွက်သွားသောအခါ ဟူပင်းက မျက်လုံးမှိတ်ထားပြီး...

" စောင့်နေစမ်းပါ... ငါ ဆေးရုံဆင်းတဲ့နေ့က ရှုချန်း ဆေးရုံတက်ရတဲ့ နေ့ပဲ... "

နတ်နဂါးစစ်သည်Onde histórias criam vida. Descubra agora