"ငါနင့်ကို လိုက်ပြချင်ရုံပဲ"

"‌ဪ အဲဒီလို ဒါဖြင့် လည်းလိုက်တာပေါ့"

ဟယ်ယန် သဘောတူခဲ့သည်။ ဤလူငယ်လေး၏ ဒေါသထွက်သွားပုံသည်ဂွတီးဂွကျဖြစ်နေလျက် မကောင်းစိတ်မပါသဖြင့် အနည်းငယ် ချစ်စဖွယ်ကောင်းနေခဲ့သည်။ ဟယ်ယန် ခြံဝန်းအတွင်း ရောက်ရှိသောအခါ ‌ရှောင်ကျွယ်မှ ဟယ်ယွင်ရှန်း သို့ လက်ဆောင်ပေးခဲ့သည့် မြင်းကြီးသည် ခြံထောင့်တစ်နေရာရှိမြင်းဇောင်းအတွင်း မြက်စားလျက် ရှိနေသည်ကို တွေ့လိုက်သည်။ ဟယ်မိသားစုသည်နွမ်းပါးသဖြင့် မြင်းတစ်ကောင်မွေးရန် မတတ်နိုင်ခဲ့ပေ။ ခြံဝန်းအတွင်း ကြက်၊ ဘဲ စသည့် သတ္တဝါငယ်လေးများကိုသာ မွေးမြူထားခဲ့ပြီး ယခုကဲ့သို့ ရုတ်တရက် မြင်းကြီးတစ်ကောင်ရောက်ရှိလာခြင်း သည် အနည်းငယ် မြင်သားမကျစရာဖြစ်လို့ နေသည်။ မြင်းကြီးမှ ခေါင်းငုံ့လျက် အားပါးတရစားသောက်နေသည့် အစနစ်တကျ ရိတ်သိမ်းဆေးကြာပြီး အထပ်လိုက်ပုံထားသော မြက်များသည် ဟယ်ယွင်ရှန်း မှ အသေအချာ ပြင်ဆေးထားသည့် မြက်များဖြစ်ကြောင်း မေးကြည့်ရန် ပင်လိုမည် မဟုတ်။ ဟယ်ယန် မြင်းကြီးအား ငေးကြည့်နေသည်ကို မြင်၍ ဟယ်ယွင်ရှန်း မှ ဂုဏ်ယူသည့် လေသံဖြင့်

"ရှန်ရှန်က သိပ်လှတယ်မဟုတ်လား"

ဟယ်ယန် နားကြားလွဲသွားခဲ့သည့် ဟုထင်မိသဖြင့် ဟယ်ယွင်ရှန်း ကို ထပ်မံမေးမြန်းခဲ့သည်။

"နင်သူ့ကို ဘယ်လို ခေါ်လိုက်တာလဲ"

"ရှန်ရှန်"

ဟယ်ယွင်ရှန်း ယုံကြည်မှုအပြည့်ဖြင့် ဖြေကြားလိုက်သည်။

"ငါမနေ့က သူ့ကို စစ်ဆေးကြည့်တော့ သူက မြင်းအမလေးပဲ သူက ငါနဲ့လိုက်လာတာဆိုတော့ ငါသူ့ကို နာမည်ပေးရမယ်လေ ပြီး ရှန်ရှန်ဆိုတဲ့ နာမည်လေးကလည်း ဒီကောင်မလေးအကြိုက် တွေ့မဲ့ နာမည်လေးပဲပေါ့"

ဟယ်ယန် မှ

"နင်စိတ်ချမ်းသာရင်ပြီးတာပဲ"

19 02

ဟယ်ယွင်ရှန်း အား စာများများ ဖတ်သင့်သည်ဟု တိုက်တွန်းခဲ့သော်လည်း ကောင်လေးမှ ခေါင်းမာစွာဖြင့် ငြင်းဆန်ခဲ့သည်။ အကယ်၍ အလွန်အမင်း ဇီဇာကြောင်လှသည့် ရှောင်ကျွယ်သာ သူလက်ဆောင်ပေးခဲ့သော မြင်းကို ဟယ်ယွင်ရှန်း မှ ထိုသို့ နာမည်ပေးခဲ့ကြောင်းသာသိခဲ့သော် ဧကန်မုချ မြင်းလက်ဆောင်ပေးခဲ့သည့် အတွက်နောင်တရမဆုံးဖြစ်နေခဲ့လိမ့်မည်။ဟယ်ယွင်ရှန်း မှ မိမိကိုယ်ကိုယ်သတိမထားမိဘဲ ဖုံးကွယ်ရန် ကြိုးစားနေသည့် မိမိ၏ ပျော်ရွှင်မှုများ မျက်နှာ၌ အတိုင်းသားပေါ်ထွက်နေ၏။ ဟယ်ယန် သည်လည်း ထိုအဖြစ် ကို စိတ်အရှုပ်ခံစနောက်ခြင်း မပြုခဲ့ပေ။ ဟယ်မိသားစုသည်မြင်းမွေးဖူးခြင်း မရှိခဲ့သဖြင့် ၎င်းတို့အိမ်အတွင်း လှည်းမရှိပေ။ ထို့ကြောင့် ဟယ်ယန် နှင့် ဟယ်ယွင်ရှန်း တို့နှစ်ဦးထီးကိုယ်စီဖြင့် ခြေကျင်လျှောက်ခဲ့ကြသည်။ ဟယ်စွေ့သည်မိုးသောက်ချိန်ကတည်းက ထုံးစံအတိုင်းလေ့ကျင့်ရေးကွင်းသို့ ထွက်ခွာသွားနှင့် ခဲ့ပြီး ဖြစ်၏။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now