"ညီမလေး ပင်ပန်းနေမှာပေါ့"

"ဟင့်အင်း မပင်ပန်းပါဘူးပျော်တယ်။ပြီးတော့ ကိုကို"

နှင်းမှာ ရှက်သလိုလေးပြုံးကာ ....

"ညီမလေး သူ့ကို ချစ်တယ်"

မိုးရိပ်မှာ ညီမဖြစ်သူကိုကြည့်၍ ဂရုဏာသက်ဖွက်ကြည့်နေမိသည်။ ကိုယ့်ကိုမချစ်သည့် လူတစ်ယောက်နှင့် ဖူးစာပါခဲ့သည့် ညီမလေးကို သနားမိလေသည်။ ထိုနေ့က မောင်နှမနှစ်ယောက် စကားတွေအတူတူပြောပြီး ခြံထဲမှာလည်း လမ်းအတူတူလျှောက်ကြ၏။

ဒီဘက်အိမ်ကနေ မင်းအဏ္ဍဝါမှာ လှမ်းကြည့်နေလေသည်။ မျက်မှောင်တွေက ကျုံ့နေ၏။ အံလည်းကြိတ်နေလေသည်။ သို့သော် သူ့စကားအတိုင်း ထိုတစ်နေ့တော့ လွတ်ထားလိုက်၏။

နောက်တစ်နေ့ မနက်၌ နှင်းက ဟိုဘက်အိမ်ကနေ ဒီဘက်ကိုကူးလာလေသည်။ ခြံတံခါးပွင့်ပြီး ဘယ်သူမှရှိမနေ၍ အထဲကို ဝင်လာခဲ့လိုက်၏။ မင်္ဂလာဆောင်ပြီးခါစက ခဏတာနေခဲ့ရသည့်အိမ်ကို ပြန်ဝင်လာတော့ စိမ်းသက်နေသလိုလိုဖြစ်လေသည်။

"အကို....အကိုအဏ္ဍဝါ...."

နှင်းခေါ်ရင်း အထဲဝင်လာတော့ နောက်ဖေးမီးဖိုချောင်ကနေ အလုပ်သမားကောင်မလေး တစ်ယောက်ထွက်လာလေသည်။

"မမလေး အကိုလေးအပေါ်ထပ်မှာ အိပ်နေတုန်းပါ"

"ဟုတ်လား...မာမီရော"

"ဘုန်းကြီးကျောင်း ဆွမ်းချိုင့်သွားပို့ပါတယ်။ မမလေး အပေါ်တက်သွားလိုက်ပါလား။ မအေးခိုင် မနက်စာပြင်ပေးထားပါ့မယ်"

"ဟုတ်...."

နှင်းမှာ လှေကားထစ်တွေကနေ အပေါ်ထပ်ကိုအမြန်ပြေးတက်လာပြီး သူနဲ့ မင်္ဂလာဦးည ဆင်နွှဲဖူးသည့် အခန်းတခါးကို ခေါက်လိုက်၏။

"အကို....အကို...."

"အင်း....ဘယ်သူလဲ"

"နှင်းပါ အကိုရဲ့"

"ဟင်...."

မင်းအဏ္ဍဝါ ချက်ချင်းထလာပြီး တံခါးဖွင့်လိုက်၏။ နှင်းက ပြုံးစိစိလေးဖြင့် ဝင်ဖို့လုပ်ပေမဲ့ အင်္ကျီချွတ် ဘောင်းဘီတိုနဲ့ဖြစ်နေသည့် သူ့ပုံစံကြောင့် အရှိန်ရပ်သွားလေသည်။

နူးညံ့ခြင်းကင်းသော ခင်ပွန်း🚨Where stories live. Discover now