23

389 78 11
                                    


"ကင်မ်ဆော့ဂျင်! ကင်မ်ဆော့ဂျင်!!"

အပြင်က ပြန်လာတော့ ကြားလိုက်ရတဲ့သတင်းက ရင်၀အားဆောင့်ကန်လျက်။

အိမ်တစ်အိမ်လုံး ပစ္စည်းတွေပွလှန်ကြဲကာ ရှုပ်ပွနေခဲ့ပြီ။ဒါကို ဂရုမစိုက်အား...ဆော့ဂျင်၊ဆော့ဂျင်ကိုတွေ့ဖို့သာ......

"ဆော့ဂျင်ထွက်ခဲ့!! "

"ကင်မ်ဆော့ဂျင်! ပုန်းနေတယ်ဆိုလည်း မြန်မြန်ထွက်လာခဲ့နော် မောင့်ဒေါသကိုမင်းသိတယ်မလား"

ပြောရင်း အောက်ထပ်ဆင်း အပေါ်ထပ်တက်ကာဆော့ဂျင်အားရှာဖွေနေသည့် ထယ်ယောင်းနောက် ဟိုဆော့တကောက်ကောက်လိုက်နေခဲ့ရသည်။

ကိုယ့်အပြစ်လည်းမကင်းသလို ခံစားမိတာကြောင့် ထယ်ယောင်းအား ဘာမှပြန်မပြောမိ......

"ဆော့ဂျင်!!"

"တော် တော်ပါတော့ထယ်ယောင်းရာ...ဆော့ဂျင်ကပုန်းနေတာမဖြစ်နိုင်ဘူး...ငါရှာတာလည်းတစ်အိမ်လုံးနှံ့နေပြီ"

သွေးရူးသွေးတန်းနဲ့လိုက်ရှာနေသည့်ထယ်ယောင်းပုံစံကို မမြင်ချင်တော့တာကြောင့် အရဲစွန့်ကာပြောလိုက်မိသည်။

"ဂျောင်ဟိုဆော့!!မင်းမဖြစ်နိုင်တာမပြောနဲ့! ဂျင်ကမန္တလေးမှာအသိရှိတာမဟုတ်ဘူး...အိမ်ကနေဘယ်လိုမှထွက်သွားစရာအကြောင်းလည်းမရှိဘူး...တနေ နေရာမှာပုန်းနေတာပဲဖြစ်မှာ!"

"အခုတွေ့လို့လား...မင်းပြောသလိုပုန်းနေတယ်ဆိုရင် အခုချိန်ထွက်လာရမှာပေါ့..."

"အဲတာ မင်းအပြစ်လေ! ဆော့ဂျင်က မင်းနဲ့အတူရှိနေရက်သားနဲ့ ဘာလို့ အိမ်ကထွက်သွားရမှာလဲ!!"

သူ့မှာအပြစ်ရှိတာ ၀န်ခံပါသည်။ထမင်းကြော်  ပဲစားချင်တယ်ဆိုတဲ့ ဆော့ဂျင်ရဲ့ဂျီကျမှုကြောင့် မီးဖိုခန်းမှာပဲ အလုပ်ရှုပ်နေခဲ့ရသည့်သူက ပတ်၀န်းကျင်ကိုလည်းခေတ္တခဏမေ့လျော့နေမိခဲ့၏။

သို့သော် ဆော့ဂျင်ထွက်ပြေးတယ်ဆိုတာကလည်း ထွက်ပြေးရသည့်အကြောင်းပြချက်ရှိလို့ပဲမလား......။ထိုအရာက ထယ်ယောင်းနဲ့အများကြီးသက်ဆိုင်တာကို သတိထားမိပေမယ့် သူငယ်ချင်းဖြစ်သူကိုတော့ ထိုအချိန်မှာအပြစ်မတင်မိချေ......

စံအိမ်တော်(Ongoing) Où les histoires vivent. Découvrez maintenant