Jealous

12.3K 58 3
                                    

"မေ့ နာမည်နဲ့ လိပ်စာနဲ့ သူ့ဟာသူ
ရောက်လာတာ...ဘယ်သူပို့လိုက်တယ်ဆိုတာ
တကယ်မသိဘူးလို့"

မေ စားပွဲပေါ်ရှိ ပန်းစည်းနှင့် ချောကလက်ဘူး ကို
ကြည့်ရင်း ‌ စိတ်ညစ်စွာ ရှင်းပြလိုက်သည်။

"ဘယ်သူပို့မှန်းမသိတာကို ဘာလို့လက်ခံလိုက်တာလဲ"

"Delivery‌က သူတို့အလုပ်မလို့ ကျေးဇူးပြုပြီး
လက်ခံပေးပါဆိုလို့ မေ လည်း အားနာပြီး
လက်ခံလိုက်တာလေ....ကိုကို မကြိုက်ရင်
မေ လွှင့်ပစ်လိုက်မယ်"

"တော်တော် အားနာ‌တတ်နေတာလား...
ဘယ်ကောင်ဘာပို့ပို့ ယူထားလိုက်မယ်ပေါ့.....
မင်း..."

အံကြိတ်သံဖြင့် ပြောလာသည့် ကိုကို့ အသံကြောင့်
ကိုကို စိတ်တိုနေမှန်းသိသာသည်။

" မေ တောင်းပန်ပါတယ် ကိုကို"

ဝဲတက်လာသည့် မျက်ရည်များကို
ပုတ်ခတ်သိမ်းဆည်းရင်း မေ ပြောလိုက်မိသည်။

"ဘာလို့ မျက်ရည်ကျနေတာလဲ....
ကိုယ် မင်းကို စိတ်တိုနေတာမဟုတ်ဘူး...
ပို့လိုက်တဲ့ ကောင်ကိုပဲ ဒေါသဖြစ်နေတာ....ဟင်း..."

ကိုကို သံပြင်းချသံက တိတ်ဆိတ်နေသော
ဧည့်ခန်းအတွင်း ထွက်ပေါ်လာသည်။
ကိုကို မေ့ကို စိတ်ပျက်သွားသည့် ပုံစံမျိုးပင်။
မေ လည်း လက်ဆောင်ပို့ပေးသူကို
တကယ်မသိပါ...ကိုယ်လုပ်သည့် အပြစ်မဟုတ်တာကို
အခုလို အပြောခံရတော့ စိတ်မကောင်းဖြစ်မိသည်။


မေ့ ဘက်က မှားတာဖြစ်တာကြောင့်
ကိုကို့ ကို စိတ်တိုလို့လည်းမရပေ။
ထို့ကြောင့် ကိုယ့်ဟာကိုယ် စိတ်ရှုပ်လာပြီး
မျက်ရည်များကျလာကာ ရှိုက်ငိုမိတော့သည်။

"လာငိုပြမနေနဲ့ ....တိတ်တော့..."

ငိုနေသူကို အဲ့လိုကြီးပြောတော့
မေ့ မှာ ဝမ်းနည်းပြီး မျက်ရည်ပိုကျလာရသည်။

"ဟင့်......မေ တကယ်မသိတာပါဆို...."

"ထားလိုက်တော့...မင်း ငိုတာ ကိုယ် မမြင်ချင်ဘူး"

ကိုကိုပြောလေ မေ့ မျက်ရည်တွေ ပိုကျလေပင်။

"ကျစ်"

Sunny SweetsWhere stories live. Discover now