အပိုင်း (၂၂၁) ပြိုလဲခြင်း (၃)

Start from the beginning
                                    

သူမသည် ခန္ဓာကိုယ် အကြောဆန့်လိုက်ပြီး ခြေဗလာနှင့် ရေချိူးခန်းသို့ သွားရန်ပြင်လိုက်စဥ် အိပ်ရာဘေးက မှတ်စုစာရွက်တစ်စောင်ကို တွေ့လိုက်၏။ စာထဲတွင် :

မော့ယွီ အဖြူရောင်ဂါဝန်လေး ဝတ်လာနော်၊ အဝတ်အစားလဲပြီးရင် ကိုယ်နဲ့ လော့လော့ကို လာရှာလှည့်။

ချောင်မော့ယွီသည် ပြုံးလိုက်၏။ ယဲ့ဖေးချန်း ဘာတွေလုပ်နေသည်ကို သူမ မသိသော်လည်း သူမသည် ကိုယ့်ဟာကို ဆေးကြောသန့်စင်လိုက်ပြီး သူမ ဝယ်ခဲ့သည့် အဖြူရောင်ဂါဝန်လေးကို ဝတ်လိုက်လေသည်။ သူမသည် လှလှပပ ဝတ်ဆင်ပြီးနောက် အပမ်းဖြေအိမ်တော်မှ ထွက်လာခဲ့လေသည်။

သူမသည် လှမ်းထွက်လိုက်သည်နှင့် မြေပေါ်တွင် နှင်းဆီပွင့်ဖတ်များနှင့်ခင်းထားသည့် လမ်းလေးတစ်ခုကို တွေ့လိုက်ရ၏။ သူမသည် သူ့ရည်ရွယ်ချက်ကို သိလိုက်ပြီး ပွင့်ဖတ်ခင်းထားသည့်လမ်းအတိုင်း လျှောက်လာခဲ့တော့သည်။

နှင်းဆီပွင့်ဖတ်များ၏အဆုံးတွင် လက်ပြတ်အင်္ကျီလေးနှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားသည့် လော့လော့ ရှိနေ၏။

ကောင်ကလေးသည် နေကာဦးထုပ်ကို ဆောင်းထား၏။ အနည်းငယ် ပူနွေးနေသောကြောင့် သူ့မျက်နှာလေးမှာ နီနေတော့သည်။ သူသည် လက်ထဲ၌ ပန်းခြင်းသေးသေးလေးကို ကိုင်ထားပြီး နှင်းဆီပွင့်ဖတ်များကို ထုတ်ယူကာ မြေကြီးပေါ်တွင် သေသေချာချာ ဖြန့်ချလိုက်လေသည်။

ချောင်မော့ယွီသည် သူ့ဆီ လျှောက်သွားလိုက်ပြီး ပြုံးကာ

“ပေါင်ပေ့ သားလေး မာမားအတွက် ပန်းခင်းလမ်းလေးတစ်ခု လုပ်ပေးနေတာလား”

လော့လော့သည် ခေါင်းခါပြလိုက်၏။ သူသည် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။

“ ပါပါးက လော့လော့ကို ပြောတယ် ဒီပန်းခင်းလမ်းက ပျော်ရွှင်မှုဆီကို ခေါ်သွားပေးမှာတဲ့”

ချောင်မော့ယွီသည် အော်ရယ်လိုက်ကာ မေးလေသည်။

“လော့လော့ ပျော်ရွှင်မှု ဆိုတာကို သိလို့လား”

ကောင်ကလေးသည် ခေါင်းညိတ်ပြလိုက်ပြီး ဝင်းပစွာ ကြည့်လိုက်လေသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း (Book 2)Where stories live. Discover now