အပိုင်း (၂၁၆) ကိုယ် မင်းကို အဖော်ပြုဖို့ လာခဲ့တယ် (၁)

Start from the beginning
                                    

ယဲ့ဖေးချန်းသည် လေသံမပြောင်းလဲချေ။

“ဘယ်သူလဲ”

“မင်းရဲ့မော့ယွီလေ”

ယဲ့ဖေးချင်းသည် အသာအယာရယ်လိုက်ပြီး

“သူမက ရသေ့ချင်းရင်ဆိုပြီး လူတိုင်းက ပြောနေကြတယ်၊ သူ့ပိုစ့်တွေကို ရှယ်ကြတဲ့သူတွေက ကံကောင်းလာလိမ့်မယ်တဲ့၊ ဒါဆိုရင် ငါ သူမနဲ့ ရင်းရင်းနှီးနှီးနေရင် ဘာဖြစ်လာမယ်ထင်လဲ”

သူသည် ဆက်ပြောလိုက်၏။

“ မင်းရဲ့စီမံကိန်းက အောင်မြင်တော့မယ်ဆိုတာ ငါ သိနေတယ်၊ ဒါလည်း သူမကြောင့်ပဲမလား”

လက်ရှိတွင် ချောင်မော့ယွီသည် အိပ်ပျော်လုနီးနီးဖြစ်နေ၏။ သူမသည် သူမ၏မျက်လုံးများကို အကောင်းဆုံးကြိုးစားဖွင့်ထားသော်လည်း အိပ်ချင်စိတ်ကသာ လွှမ်းမိုးနေတော့သည်။

သူမ၏အကြည့်သည် တဖျပ်ဖျပ်ဖြစ်နေပြီး သူမ၏မျက်ခွံများသည် လေးလံလာ၏။ သူမ၏ဦးနှောက်ထဲတွင်လည်း ရှုပ်ထွေးနေတော့သည်။

ဤဝိုးတိုးဝါးတား အခြေအနေတွင် ချောင်မော့ယွီသည် ယဲ့ဖေးချန်း၏အသံကို အဝေးမှ ရုတ်တရက် ကြားလိုက်လေသည်။

“ မင်း သိချင်နေတာလား၊ ဒါဆို စမ်းကြည့်လိုက်လေ”

ယဲ့ဖေးချင်းက ထိတ်လန့်သွားတော့သည်။ သူ့လက်သီးသည် ဝါဂွမ်းများကို ထိုးချလိုက်တော့သည်။ ဖုန်းတစ်ဖက်တွင်တော့ သူသည် ဖုန်းချလိုက်တော့သည်။

အခန်းထဲ၌ အားနည်းသည့်နှလုံးခုန်သံတစ်ခု ရှိနေ၏။ ယဲ့ဖေးချင်းသည် တစ်ချက်ကြည့်လိုက်ပြီးနောက် ချောင်မော့ယွီ အိပ်ပျော်သွားသည်ကို သိလိုက်လေသည်။ သူမ၏ခန္ဓာကိုယ်သည် လဲပြိုသွားသဖြင့် အခန်းထဲမှ ပစ္စည်းတချို့နှင့် ဆောင့်မိသွားတော့သည်။

သူသည် ချောင်မော့ယွီထံ လျှောက်သွားလိုက်ပြီး သူမ၏ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။ သူ့အကြည့်သည် ချောင်မော့ယွီ၏ နူးညံ့လှပသည့်မျက်နှာပေါ် ကျရောက်သွားတော့သည်။ သူသည် သူမကို လှမ်းကိုင်တော့မည် ပြင်လိုက်လေသည်။

ထိုအချိန်၌ တံခါးသည် ရုတ်တရက်ဆိုသလို ဝုန်းခနဲ ပွင့်သွား၏။ ရဲအရာရှိ ခုနှစ်ယောက် ရှစ်ယောက်ခန့်သည် အရှိန်နှင့်ပြေးဝင်လာပြီး ယဲ့ဖေးချင်းကို မြန်မြန် ဝိုင်းထားလိုက်လေသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း (Book 2)Where stories live. Discover now