ဆက်ဆံရေးအများစုများသည် အချိန်ကြာလာသည်နှင့်အမျှ အရောင်မှိန်လွင့်ပြယ်သွားတတ်သည်။ ဒီလတွင် သူလုရွှမ်းကိုမတွေ့ရတာကြောင့် သူ့ခံစားချက်များက သူငယ်ချင်းဆက်ဆံရေးအဖြစ် တစ်ဖန်ပြောင်းလဲလောက်မည်လား?

ထို ယောက်ျားတစ်ယောက်ကို နမ်းတဲ့အကြောင်းတွေ၊ နက်ရှိုင်းသည့်ထိတွေ့ဆက်ဆံမှုများကို လိုချင်နေတာတွေ ပြီးတော့ လွဲမှားဖောက်ပြန်နေတဲ့ စိတ်ကူးအိမ်မက်တွေဟာ လွင့်ပြယ်သွားလိမ့်မည်။ အခင်ဆုံးသူငယ်ချင်းများရဲ့ နဂိုမူလခံစားချက်များ ပြန်လည်ပြောင်းလဲသွားခြင်းသည် အကောင်းဆုံးပင်ဖြစ်ပေလိမ့်မည်။

အတွင်း၌ ကြိတ်ကြံစည်နေသော အစီအစဉ်သည် ယဲ့ယောင်၏စိတ်ထဲ၌ အကောင်းဆုံးအစီအစဉ်ပင်။ စားလို့သောက်လို့ဝပြီးနောက်  သူ့အမေ၏ တိုက်တွန်းမှုကြောင့် ရေမိုးချိုး၍အနားယူရန် သူ့အခန်းသို့ပြန်လာလိုက်သည်။

သူ၏ အိပ်ခန်းတံခါးကိုတွန်းဖွင့်ပြီးနောက် သပ်ရပ်သန့်ရှင်းနေသောအိပ်ခန်းကို ယဲ့ယောင်မြင်လိုက်ရပြီးနောက် အသက်ပြင်းပြင်းရှူလိုက်သည်။ သူ့အိပ်ခန်းထဲမှာ လုရွှမ်းရဲ့ကိုယ်ပိုင် ပိုင်ဆိုင်မှုအမျိုးမျိုး ရှိနေတာကို သူလုံးဝမေ့လျော့သွားခဲ့သည်။

အထက်တန်းတုန်းက စာလုပ်ဖို့သူတို့မြို့ကို လုရွှမ်းကလာတတ်ပြီး ယဲ့ယောင်နဲ့အမြဲတမ်း ဒီမှာအတူနေကာ ပိတ်ရက်ရောက်ရင်တော့ သူ့အိမ်ဆီယဲ့ယောင်နဲ့အတူပြန်တတ်သည်။

ယဲ့မိသားစုအိမ်၌ ဧည့်သည်အခန်းများအပိုမရှိတာကြောင့် လုရွှမ်းလာနေသည့်အခါတိုင်း သူ့အခန်းထဲတွင်သာ သူနဲ့အတူနေ၊ အတူအိပ်ပြီး လုရွှမ်းရဲ့ကိုယ်ပိုင်ပစ္စည်းတွေမှာလည်း တဖြည်းဖြည်းသူ့အခန်းထဲ၌ ပြည့်နှက်လာခဲ့သည်။

လုရွှမ်းဝယ်ထားခဲ့သော စက်ရုပ်မော်ဒယ်၊ သင်ရိုးညွှန်းတမ်းစာအုပ်များမှာ စားပွဲခုံထဲ၌ရှိနေပြီး လုရွှမ်း မရမကထားခိုင်းထားသော သူတို့နှစ်ယောက်ရဲ့အဖွဲ့လိုက်ဓာတ်ပုံမှာလည်း စားပွဲဘေးတွင်ရှိနေကာ ကုတင်ပေါ်တွင်တော့ လုရွှမ်းရဲ့ကိုယ်ပိုင်ခေါင်းအုံးရှိနေခဲ့တယ် ......

ရှောင်ပုန်းဖို့မကြိုးစားနဲ့ ⧼⧼ဘာသာပြန်⧽⧽Where stories live. Discover now