"ကျွန်မကအများကြီးပိုချစ်ပေးမှာဏရီ"

နှစ်ယောက်အတူတူမနတ်စာစားပြီးတော့ နိုဝယ်ကလဲသင်တန်းရှိနေသေး၍ သင်တန်းသွားရသည်။ ဏရီကလဲအလုပ်ရှိနေသေး၍ အလုပ်သွားရသည်။ ဒါတောင် ဏရီက မခွဲချင်သေးဘူးဟုဆိုနေသေး၍ နာရီဝက်လောက်အနမ်းဖြင့်နှစ်သိမ့်လိုက်ရသေးသည်။ တကယ်ကိုအဆိုးလေးဏရီပါပဲ။ တကယ်ပါ ဏရီဟာလူစားလဲခံထားလိုက်ရသလိုပင်။ အရင်ကတည်တည်ငြိမ်ငြိမ်ဏရီက အခုလိုပုံစံမျိုးလေးဖြစ်နေတော့ တစ်မျိုးလေးသဘောကျပြန်သည်။

"ဟဲ့ မျက်နှာက မှိုရထားတဲ့မျက်နှာနဲ့ အူမြူးနေတာ ဘာဖြစ်နေတာ"

"ညက မွေးနေ့လက်ဆောင်အဖြစ် ငါမျော်လင့်ထားတာလေးရလိုက်လို့လေ ပြီးတော့ နင်တို့ကိုငါအသိပေးရအုန်းမယ် ငါ့မှာ ချစ်သူရှိနေပြီ အဲ့လိုပြောလို့အခုမှရတဲ့ချစ်သူမဟုတ်ဘူးနော် အရင်ကထဲက ငါ့ရင်ထဲနှလုံးသားထဲချစ်ရတဲ့အချစ်ဆုံးနဲ့ပြန်အဆင်ပြေသွားတာ"

"ဟဲ့ နိုဝယ်မ မပြောမဆိုနဲ့ ပြောမ်း ဘယ်သူလဲ ဘယ်ကလဲ ချောလား"

"အဟင်း သိချင်ရင် တစ်ရက်နင်တို့ကိုတရားဝင်မိတ်ဆက်ပေးမယ် သူကအလုပ်များတဲ့သူဆိုတော့"

"လျိုထားတာနော် နိုဝယ်မ"

သူငယ်ချင်းများအားထုတ်ပြောရင်း ဏရီ့အားလွမ်းရပြန်သည်။ ထို့ကြောင့်ဖုန်းလေးထုတ်ကာ ဏရီ့ကိုစာပို့လိုက်လေသည်။ 'အရမ်းလွမ်းတယ် ဏရီ' ဟူ၍။ ဏရီ့ဘက်မှလဲ 'တို့လဲအရမ်းလွမ်းတယ်အချစ်ရယ် ချစ်တယ်နော်' ဆိုသည့်စာကချက်ချင်းပင်ပြန်ဝင်လာတော့ သူ့မယ်သဘောကျစွာ။

ဏရီကသင်တန်းလာကြိုမည်ဆိုသောကြောင့် သူ့မယ် သူငယ်ချင်းများအားနှုတ်မဆက်နိုင် ချက်ချင်းပင်အတန်းပြီးသည်နှင့် တိုက်အောက်ကိုပြေးဆင်းကာ ဏရီကားရပ်ထားသည့်နေရာကိုအပြေးသွားမိသည်။

"စောင့်ရတာကြာသွားလားဏရီ"

"မကြာပါဘူး အချစ်ရဲ့ တို့မှာအချစ်အတွက်ဆို အချိန်တွေအများကြီးရှိပါတယ် အခုတော့ တနေရာသွားရအောင်"

"ဟုတ် ဘယ်ကိုလဲ ဏရီ တစ်ခုခုစားဖို့လား"

"မဟုတ်ဘူး တို့အချစ်ကို ဒယ်ဒီနဲ့ပေးတွေးပေးမလို့ နောက်ပြီး အိမ်ကိုလဲ တို့အ​ခြေအနေမှန်ကိုအသိပေးတော့မလို့ ဒါကြောင့် တို့လာစောင့်နေတာ"

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now