"ကဲ ထပြီ လာ အတူတူမျက်နှာသစ်မယ် တို့ ရေချိုးခန်းထဲကbox ထဲမှာ သွားတိုက်တံအပိုရှိမယ်ထင်တယ် လာ"

အတူတူမျက်နှာသစ်ပြီးနောက်တွင်တော့ နိုဝယ်မနတ်စာပြင်ပေးနေသည်ကို ဏရီမှစားပွဲမှာနေကာ မေးထောက်ငေးကြည့်နေလေရဲ့။ ဒီလိုအခြေအနေလေးကိုသူဖြင့်သဘောကျမိနေတာ။

"ချစ်တယ်"

"ဟင် ဟာ ဏရီရာ ကျွန်မကိုရှက်အောင်လုပ်နေတာပဲ"

ကိုယ့်ရှေ့တည့်တည့်ထိုင်ကာ ကိုယ့်ကို ချစ်ရည်ရွန်းလဲ့သောမျက်ဝန်းများနှင့်ကြည့်ပြီး ချစ်တယ်ပြောနေသည့်ဏရီပါပဲ။ ကိုယ့်မယ်အခုမှအချစ်ကိုစထိတွေ့ဖူးတဲ့သူလိုရင်ခုန်နေရတာအကြိမ်ကြိမ်။

"မပြောဖြစ်ခဲ့တဲ့နှစ်တွေ မတွေ့ဖြစ်ခဲ့ရတဲ့နေ့တွေအတွက် အတိုးချပြီး တို့က အချစ်ကို ချစ်တယ်ဆိုတာ တနေ့တစ်မျိုးမရိုးရအောင်ပြောပြချင်တာအချစ်ရဲ့"

ထိုအချစ် ဆိုသည့်အခေါ်အဝေါ်ကို ဏရီက ညကထဲကပါးစပ်ဖျားကမချ။ ဒါကိုပဲသူကလဲသဘောတကျကျ။ သူတို့နှစ်ယောက်အတွက်အထူးတလည်အနေနဲ့ အခေါ်အဝေါ်မလုပ်ထား၍ ဏရီရဲ့ အဲ့ဒီ အချစ်ရဲ့ဆိုတဲ့စကားမှာတင် လူကခွေကျပြစ်ချင်နေတာပါပဲ။ ဏရီကလဲ သူ့ကိုယ်ဘယ်လိုခေါ်ပါမပြောလေတော့ ကိုယ်တိုင်လဲ ထွေထွေထူးထူးမစဥ်းစားချင်။ ဒီအတိုင်း ဏရီလို့ခေါ်ရတာကိုသဘောကျသည်။ သူမရဲ့ ဒဏ္ဏာရီလေ။ ဆန်းကြယ်မှုတွေများစွာနဲ့ ဒဏ္ဏာရီ။ ဏရီ့ကို ဏရီလို့ခေါ်ရတာ သဘောကျကြောင်းပြောခဲ့ဖူးတုန်းက ဏရီသည်လဲထိုအချိန်ကစ သူ့နာမည်ကို နိုဝယ်တစ်ယောက်ပဲခေါ်လို့ရရင်ကောင်းမယ်ဆိုပြီးပြောခဲ့ဖူးသေးသည်။

"ကျွန်မလဲ ဏရီ့ကိုချစ်တယ်နော် နောက်ပြီးကျေးဇူးလဲတင်ပါတယ် ဏရီကမပြောစေချင်ပေမဲ့ ကျွန်မကတော့ ပြောမိနေမှာပဲ အခုလိုဏရီ့အနားပြန်နေခွင့်ရတာကိုက ကျွန်မလေတကယ်အားလုံးကိုအနိုင်ရသွားသလိုခံစားမှုကြီးသိလား"

"ဒါဆို တို့ကို တို့ထပ်ပိုချစ်ပေးပေါ့အချစ်ရယ် တို့ကိုအချစ် ချစ်ပေးတာကိုပဲ တို့လက်ခံရင်း အချစ်ကိုချစ်မယ်လေနော်"

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now