"လက်က သွေးထွက်နေပြီ။ လာခဲ့။ "

"ဟုတ်..."

သူ့ခုတင်ပေါ်ခေါ်ပြီး ထိုင်ခိုင်းကာ ပလာစတာလေးတစ်ခုကို ယူ၍ နှင်းရဲ့ လက်မောင်းမှာ ကပ်ပေးလေသည်။ သူကပ်ပေးတာကို နှင်းက ကြည့်ပြီးပြုံးနေ၏။ မနေ့ကတော့ နှင်းကို နာကျင်အောင်ပြောပြီး ဒီနေ့ကြတော့ မောင်းမထုတ်ဘဲ ဂရုစိုက်ပေး၍ နှင်းပျော်နေမိသည်။

"အကို့...."

"ဘာလဲ...."

"ရှေ့ရက်က နှင်းကိုပြောတာ တကယ်လားဟင်"

"ဘာကိုလဲ...."

"နှင်းကို မချစ်ဘူးဆိုတာလေ"

သူက ပလာစတာကပ်ပေးပြီး မော့ကြည့်လာ၏။

"ဟုတ်တယ်လေ...ဘာဖြစ်လို့‌လဲ"

"တကယ်မချစ်ဘူးလား"

"ဟုတ်တယ်လေ...ဘာဖြစ်လို့လဲ"

"ဒါဆို အခုဘာလို့နှင်းကို ဂရုစိုက်တာလဲ"

"ငါက မင်းကို ဂရုစိုက်တယ်။ ဟုတ်လား။"

"အင်းလေ...."

မသိသလိုနဲ့ ခေါင်းလေးညိတ်ပြ၏။

"ဘယ်တုန်းကလဲ။"

"အခုလေ...နှင်းသွေးထွက်လို့ ပလာစတာ ကပ်ပေးတယ်။ "

"ဖြစ်ရမယ် နှင်းငွေ့ဖြူ။ ပလာစတာလေး ကပ်ပေးတာကို ဂရုစိုက်တယ်လို့ မခေါ်ဘူး။ အမြင်မတော်လို့ လုပ်ပေးတာ"

"ဒါဆို အခုထိ နှင်းကို မချစ်ဘူးပေါ့နော်"

"သေချာတာပေါ့"

နှင်းက သူ့ကို ကြည့်နေရင်း မျက်နှာကလေး ညိုးသွားလေသည်။ ပြီးတော့ သူကပ်ပးထားသည့် ပလာစတာလေးကို လက်နဲ့တို့ထိကြည့်နေရင်း....

"နှင်းကြတော့ အကို့ကို ချစ်ရပြီး။ အကိုကြတော့ နှင်းကိုမချစ်ဘူး"

"ဘယ်လို မင်းက ငါ့ကိုချစ်တယ်"

"အင်း...."

"ဟား...ဟား...ဟား....."

သူက နှင်းပြောတာကို မယုံသလို ရယ်လိုက်လျှင် နှင်းမျက်ရည်ကလေးဝဲသွားရလေသည်။

"အကို ဘာလို့ရယ်တာလဲ။ "

"မင်းက ဟာသတွေ ပြောနေတာပဲ။ မင်းကို ငါယူထားတာ ဘယ်လောက်ကြာသေးလို့လဲ။ မင်းက ငါ့ကိုချစ်တယ်ဆိုတော့ မဟုတ်သေးပါဘူး။ ငါက မင်းအစ်ကိုကို သောက်မြင်ကပ်ပြီး မင်းကိုခိုးပြေးခဲ့တာ။ မင်းကလည်း ‌ငါခေါ်မှ လိုက်ပြေးရတာ။ ဘယ်တုန်းက ကြိုက်သွားတာလဲ"

နူးညံ့ခြင်းကင်းသော ခင်ပွန်း🚨Where stories live. Discover now