ဒီနှစ်မွေးနေ့တော့ လက်ထပ်ခွင့်တောင်းလို့ရမှာမဟုတ်တော့ အရက်လိုပြန်အဆင်ပြေနိုင်ခွင့်လေးဖြစ်ဖြစ် သူပြောထားတဲ့ကိစ္စလေးကို ဏရီလက်ခံရင်ပဲဖြစ်ဖြစ်သူကျေနပ်ပါတယ်။ ပါးစပ်ထဲမှာလဲ စုပ်လုံးတစ်လုံးငုံပြီးထိုင်နေတဲ့နိုဝယ်က အဝေးကကြည့်လျှင် ဆယ်ကျော်သက်လေးအတိုင်း။ ဆိုဖာမှာ ခြေချိတ်ထိုင်ပြီး ပေါင်ပေါ်မှာ ခေါင်းအုံးတင်လို့ ဖုန်းကိုကြည့်နေတဲ့ပုံစံဖြစ်နေတာလေ။ ဒါကိုဏရီက ဘေးကနေတချက်ချက်ခိုးကြည့်ပြီးသဘောကျနေရတာ။ နိုဝယ်ကတော့ သူနဲ့စကားအပြန်အလှန်ပြောနေ၍အကြည့်ကဖုန်းမှာသာ။

"ဟုတ်လား သူငယ်ချင်းတွေနဲ့အပြင်လေးဘာလေးသွားကျပေါ့မွေးနေ့ပွဲကောလုပ်အုန်းမှာလား"

"သိသေးပါဘူးဏရီရယ် ကျွန်မက ဏရီနဲ့ပဲမွေးနေ့ကိုအတူတူကုန်ဆုံးချင်တာ ဒါပေမဲ့သူငယ်ချင်းတွေကပြောရင်ငြင်းရမှာလဲအားနာတယ် ကျွန်မဘယ်လိုလုပ်ရမလဲဟင် သူတို့နဲ့အချိန်မဖြုန်းပဲ ဏရီနဲ့ပဲတနေကုန်အတူနေရမလားဏရီ"

"အဲ့လိုလုပ်တော့ဘယ်ကောင်းပါ့မလဲ သူငယ်ချင်းတွေကိုအချိန်ပေးအုန်းမှပေါ့ တို့အနားမှာမင်းအားတဲ့အချိန်တိုင်းပြေးပြီးလာလာနေတာ သူငယ်ချင်းတွေကိုတောင်အချိန်မပေးနိုင်ဘူးမဟုတ်လား နောက်ပြီးအဲ့နေ့ကျ တို့အလုပ်ကိစ္စနဲ့အပြင်သွားဖို့ရှိသေးတယ်ထင်တယ် တို့လဲမအားလောက်ဘူး"

နည်းနည်းတော့စိတ်မကောင်းဖြစ်သွားမိသည်။ အရင်ကဆိုချွဲနွဲ့ကာဏရီ့ကိုပြောလျှင် ဏရီကသူ့အလိုကျလုပ်ပေးစမြဲ။ ဒါပေမဲ့အခုကျ သူတို့နှစ်ယောက်က အဲ့လိုအခြေအနေဟုတ်မနေခဲ့ဘူးလေ။ ထို့ကြောင့် နှုတ်ခမ်းလေးဆူကာ သက်ပြင်းခပ်ရဲ့ရဲ့သာချလိုက်ရသည်။ အလုပ်နဲ့သူ့ကိုဆို ဏရီကအခုချိန်မှာအလုပ်ကိုပိုပြီးအလေးပေးမှာသိနေတာကိုလေ။

မွေးနေ့ရက်လေးမှာ ဏရီ့ဆီက ည၁၂ နာရီကထဲက စာလေးများဖြစ်ဖြစ်ဝင်လာမလားဟုတွေးထားသော်လဲ စာပို့မလာသည့်အပြင် သူ့အခန်းမှာပါမရှိသည့်ဏရီပါပဲ။ လူကတဖြည်းဖြည်းငိုပါငိုချင်လာသည်အထိ။ မွေးနေ့ကြီးမှာငိုရင်တနှစ်လုံးငိုနေရမှာဆိုးလို့ငိုချင်စိတ်ကိုထိန်းကာ သူငယ်ချင်းများနှင့်ရွှေတိဂုံဘုရားသွားဖို့ပြင်ဆင်ရလေသည်။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now