"Sir"

Yoongiကြားပေမဲ့ပြန်မဖြေပဲနားစွန့်နေသည်။

" သခင်လေးကအရုပ်ဝယ်သွားချင်လို့ပါတဲ့... သွားခွင့်ရှိမလား"

" လုပ်ထားတဲ့အပြစ်တောင်ကျေအောင်မဆပ်ရသေးပဲအရုပ်ဝယ်သွားချင်သေးတာလား"

ထရပ်လာတဲ့YoongiကJimin ပခုံးလေးပေါ်လက်တင်ရင်းပြောလိုက်သည်။

" သခင်လေးကနေမကောင်းလို့ပါSir..."

"နေမကောင်းတာအရုပ်ဝယ်ရင်ပျောက်သလား Taehyung"

" နေမကောင်းတုန်းအလိုလိုက်ပေးစေချင်ရုံပါ"

" အဟက်!...မင်း...မင်း..."

ခပ်ထေ့ထေ့ရယ်လျက်Taehyungကိုလက်ညိုးထိုးပြီးတွေးစစပြောလာသည်။Taehyungအနားကိုလျှောက်လာ၍မျက်နှာချင်းနီးကပ်လို့အေးစက်စက်အသံဖြင့်ပြောသည်က။

" ယောင့်တက်အောင်ရှေ့ကနေကာစီးကာစီးမလုပ်နဲ့Kim Taehyung...ငါ့အမိန့်မရပဲဘယ်မှမသွားရဘူး"

" သွားခိုင်းလိုက်ပါ"

နောက်ကအသံကြောင့်Yoongiလှညကြည့်လိုက်သော်....

" ကျွန်တော်လည်းအရုပ်ဝယ်လိုက်ချင်တယ်"

" ထွက်ပြေးဖို့အခွင့်ရေးရှာတာဆိုရင်တော့အလကားပဲနော်Baby"

" ထွက်ပြေးချင်တောင်မလွတ်မှန်းသိတယ်...ကျွန်တော်လိုက်သွားချင်တယ်"

Jiminရဲ့အပြောကြောင့်Yoongi,Taehyungကိုတစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။

Taehyungက Jungkookကိုစောင့်ရှောက်ရမှာမလို့Jiminကိုပါအတူကြည့်အားမှာမဟုတ်ဘူး....အဲဒါကြောင့်....

" ကောင်းပြီ...Babyလိုက်ချင်လိုက်သွား ဒါပေမဲ့ မင်းအတွက် bodyguardsအယောက် 30ထည့်ပေးလိုက်မယ်"

" လုပ်ချင်သလိုသာလုပ်"

Jiminအရွဲ့တိုက်တော့နှုတ်ခမ်းထောင့်တွေတွန့်ချိုးသွားပြီးအနားလာကာ ပါးတစ်ဖက်ကိုနှာတံနစ်ဝင်သွားတဲ့အထိနမ်းသည်။Jungkook, Taehyungအင်္ကျီလက်ကိုကျစ်ကျစ်ဆုပ်လျက်သဝန်တိုစိတ်ကိုထိန်းတာတော့Taehyungအရှေ့ကနှစ်ယောက်ကိုကြည့်၍အံကြိတ်မိသည်။

" Babyအတွက်မနေ့ကတည်းကအဝတ်အစားတွေမှာထားပေးတယ်...သွားလဲကြရအောင်"

The HuntersWhere stories live. Discover now