"အာ့...နာတယ်Taehyunggie"
" ခဏလေးပြီးရင်မနာတော့ဘူး"
" အာ့..နာပါတယ်ဆို! အီး...ဟီး..."
ဒူးပွန်းသွားတဲ့ဒဏ်ရာကိုအရက်ပျံထည့်ပေးတာကိုတအီအီငိုနေတဲ့အတွက်Taehyungဂွမ်းစကိုပြန်ယူရင်းခေါင်းစောင်းကာစိတ်မရှည်ဟန်ကြည့်လိုက်သည်။
ချော့တစ်ခါချော့တစ်လှည့်လုပ်နေရတာ ခြောက်လို့ကလည်းမဖြစ်...မဟုတ်ရင်သူ့ကိုဆူပါတယ်ဆိုပြီးပိုငိုတော့မှာ!
" ဒါလေးပြီးရင်ပြီးပြီလေ မငိုနဲ့နော်...ဆေးမထည့်ရင်အနာကြီးပြဲလာလိမ့်မယ်"
"အဲဒါကြောင့်Taehyunggieကဥုံဖွလုပ်ပေးပါဆို...ဥုံဖွလုပ်ပေးရင်ပျောက်တယ် ဟင့်"
" ဥုံဖွ ဥုံဖွ"
"အာ့ အား! အီးးဟီးး~"
ပါးစပ်ကလည်းပြောရင်းပွန်းရာသေးသေးလေးပေါ်အရက်ပျံဂွမ်းနဲ့ဖိချလိုက်တော့ အော်ငိုပါလေရော။အတင်းရုန်းနေတုန်းပလာစတာနဲ့ကပ်ပေးလိုက်တာတောင်တရှုံ့ရှုံ့ငိုဆဲပင်။
" အီးးးဟီးးး~~ Taehyunggieကကျွန်တော့်နာအောင်လုပ်တယ်! အဲဒါတမင်လုပ်တာမလား! "
" ဟောဟော မဟုတ်တာတွေပြောပြန်ပါပြီကျွန်တော်တို့သခင်လေး"
"ဟင့်!"
" တိတ်တိတ်~ ကျွန်တော်နဲ့ဖဲဆော့ကြမယ်လေ"
" မဆော့ချင်ဘူး...သခင်ကြီးကိုပြောပေးပါလား...ကျွန်တော်အရုပ်ဝယ်သွားချင်တယ်"
" ကျွန်တော်ပြောကြည့်ပေးပါမယ်"
" ဒါဆိုသွားမယ်...Taehyunggieကျောပိုး"
" တက်ပါဗျာ"
နှာတရှုံ့ရှုံ့နဲ့ဟာလေးကိုကျောပေးထိုင်ချလိုက်သည်။ဝက်ပေါက်ကလေးဖြစ်လာတာကြောင့်ကိုယ်လေးကနင့်ခနဲ။
ကျောပိုးပြီးအိမ်တော်ထဲဝင်သွားတော့ ဧည့်ခန်းမှာJiminရဲ့မြေကြီးနဲ့တရွတ်တိုက်နေတဲ့ညဝတ်ဘောင်းဘီအနားကိုခေါက်ပေးနေသောYoongi။
Taehyung,Jungkookကိုချပေးလိုက်ပြီးနောက်ပြောစရာရှိတာပြောလိုက်သည်။Jungkookကတော့Taehyungနောက်မှာကုပ်ကုပ်ကလေးJiminကိုမျက်စောင်းထိုးနေလေရဲ့။
YOU ARE READING
The Hunters
Fanfictionလွတ်အောင်ပြေး...အချစ်သာအကြွေးဆို ရတာဘေးမဖြစ်စေဖို့အာမခံတယ်Babies! Yoonmin! Taekook!