(Part 4)⚠

854 68 30
                                    

ကလေးကစားကွင်းရဲ့ဝိုက်ကွင်းကြီးအတွင်းအိပ်နေမိရာက အားယူထလိုက်သည်။ ဘေးဘီကိုကြည့်လိုက်တော့လူခြေတိတ်ပြီးမှောင်မဲနေ၏။

သူတစ်နေကုန်ပြေးလွှားနေခဲ့တာ...ခန္ဓာကိုယ်ကကိုက်ခဲပြီးမပြေးနိုင်တော့တာကြောင့်ကလေးကစားကွင်းရဲ့လှိုင်လျှောထဲမှာဝင်အိပ်နေခဲ့တာ....

ဆက်အိပ်နေရင်မဖြစ်တာမို့ကစားကွင်းထဲမှပြေးထွက်ခဲ့သည်။မှောင်မဲတိတ်ဆိတ်တဲ့လမ်းမထက်ခြေဗလာနဲ့ပြေးရင်းရဲစခန်းအတွင်းသို့ပုံအပျက်ပျက်နဲ့ဝင်လိုက်သော်ရှိရှိသမျှအကြည့်တို့ဟာJiminဆီမှာဖြစ်သည်။

" ကျွန်တော့်ကိုကူညီပါ....ကျွန်တော်ထွက်ပြေးလာခဲ့တာပါ"

" လာလာ ကောင်လေး...ဘယ်လိုဖြစ်တာလဲတစ်ကိုယ်လုံးလဲစုတ်ပြဲလို့..."

ခြောက်ကပ်ကပ်အသံအဆုံးကူတွဲပေးလာသည့်အမျိုးသမီးရဲဝန်ထမ်း။ ထို့နောက် သူမကစခန်းရဲ့အတွင်းကျကျအခန်းထဲခေါ်သွားပြီး'ခဏနေစခန်းမှူးလာလိမ့်မယ်'လို့ပြော၍ထွက်သွားသည်။

Jiminစောင့်နေရင်းခဏကြာတော့စခန်းမှူးဆိုတဲ့ခပ်ဝဝလူတစ်ယောက်ရောက်လာသည်။ Jiminကိုပြုံးပြပြီးရှေ့ကခုံမှာဝင်ထိုင်လိုက်သည်။

" ဘာကူညီပေးရမလဲကောင်လေး"

"ကျွန်တော်လူတစ်ယောက်ဆီကထွက်ပြေးလာတာ...သူကကျွန်တော့်ကိုrapeတဲ့အထိကျူးလွန်ပြီးရိုက်နှက်တယ်.."

" ဘယ်သူလဲသိလားကောင်လေး"

" သူ့နာမည်ကိုတော့မသိဘူး...ဒါပေမဲ့သူ့ကိုသခင်ကြီးလို့ခေါ်တာကြားတယ်...နောက်ပြီးသူ့မျက်နှာမှာဓားခြစ်ရာလိုအမာရွတ်ကြီးရှိတယ်"

ခေါင်းတညိတ်ညိတ်လုပ်တဲ့စခန်းမှူး...အပြင်ကတံခါးခေါက်သံကြားတာကြောင့်Jiminကိုလက်ကာပြပြီးထွက်သွားသည်။ တံခါးမပိတ်ပဲအဝင်စကားရပ်ပြောနေတဲ့စခန်းမှူးနဲ့လူတစ်ယောက်။

စခန်းမှူးရဲ့မျက်နှာထားကတစ်မျိုးတစ်သွင်ပြောင်းသွားပြီးနောက် ထိုလူကိုအခန်းထဲဝင်ရန်လက်နဲ့အမူရာပြလိုက်သည်။

အနက်ရောင်jacketဝတ်ထားတဲ့ထိုလူကအခန်းထဲဝင်လာသည်။သူ့နောက်ကဝတ်စုံတူနဲ့လူတွေအရှိုရှိုဝင်လာတဲ့အတွက်Jiminခုံကထရပ်လိုက်သည့်အခါနောက်ဆုံးဝင်လာသည်က Yoongiဖြစ်နေတာကြောင့် စခန်းမှူးဆီအံ့ဩခြင်းအပြည့်နဲ့လှမ်းကြည့်သည်။

The HuntersWhere stories live. Discover now