အပိုင်း(45)

176 23 0
                                    

စီနီယာ၊ ဓားတာအိုဆိုတာ ဘာလဲ။

မိုးတိမ်တောင်တန်းတွင်မူ။

လမ်းလျှောက်လာသော လူငယ်ကို ကြည့်ရင်း စုချန်းယွီ က အံ့ဩလျက် ရှိနေသည်။ သူသည် ရုတ်ချည်းဆိုသလို မိုးကြိုးဓားလေးစင်းဂိုဏ်းမှ ကျင့်ကြံသူများကို ကြုံတွေ့ခဲ့ရပြီး ဘယ်လိုတုန့်ပြန်သင့်သလဲဆိုတာ စဉ်းစားနေဆဲဖြစ်၏။

အခြားတစ်ဖက်က အလွန်စိတ်အားထက်သန်နေပြီး တာအိုပညာရှင်ထိုက်ဟွာ ဒဏ်ရာရသွားသည်ကို တွေ့သောအခါ ဆေးတစ်လုံးပင် ပေးခဲ့သည်။ ဒါဟာ တကယ့်ကို ကိုးရိုးကားယားနိုင်လှသည်။

'သူတို့ကိုက ကိုယ်ကျင့်တရားကောင်းနိုင်ပေမယ့် ဒါက ဟန်ဆောင်နေတာလို့ ဘာလို့ငါခံစားမိနေတာလဲ'

စုချန်းယွီ သည် မ,အပေ။ အထူးသဖြင့် ဝမ်ယုနှင့် ချန်ဟွာတို့ကို ရင်ဆိုင်ရသောအခါ အနည်းငယ် ထူးဆန်းနေပုံရသည်ဟု သူပြောနိုင်သည်။ သူတို့၏ အကြည့်တွေက ရံဖန်ရံခါ စုချန်းယွီ အတွက် တကယ်ကို ထိတ်လန့်စေသည်။

'သူတို့က ငါကြည့်ကောင်းတာကို တကယ်ပဲ စွဲလန်းနေတာလား။'

'ဒီလူငယ်က ငါ့ဆီပြေးလာရင်း ဘာလုပ်နေတာလဲ'

'သူက ငါတို့နဲ့ မိတ်ဆွေဖွဲ့ဖို့ ကြိုးစားနေတာလား။'

'အလို။'

စုချန်းယွီ က ပိုလို့တောင် စိုးရိမ်သွားခဲ့သည်။

သို့သော် သူပို၍ ကြောက်ရွံ့လေလေ တည်ငြိမ်လေလေဖြစ်သည်။ သူ၏ မောက်မာသောဟန်အမူအယာသည် သူ့ကို လျှို့ဝှက်ဆန်းကြယ်ပုံပေါက်စေသည့် အကြောင်းရင်းလည်း ဖြစ်သည်။

အစပိုင်းတွင် မိုးကြိုးဓားလေးစင်းဂိုဏ်း၏ တပည့်များသည် ဘာဖြစ်နေလဲကို မသိခဲ့ကြသော်လည်း သေသေချာချာ စစ်ဆေးပြီးနောက်တွင် တပည့်အနည်းငယ်သည် ခဏအတွင်း သိရှိသွားကြသည်။

သူတို့အားလုံးသည် အကြီးအကဲများ၏ ပံ့ပိုးမှုရရှိထားသော ဂိုဏ်း၏ ပါရမီရှင်များဖြစ်သည်။

ထို့ကြောင့် သူတို့သည် ကျင်းပြည်၏ စစ်သူကြီးအကြောင်း သဘာဝကျကျ သိထားကြသည်။

ကျင့်ကြံရတာ ခတ်လို့လားWhere stories live. Discover now