"ဂျင် မစားဘူး!"
အနားသို့ရောက်လာသည့် ခြေသံအစုံကြောင့်မျက်နှာလွှဲကာ ပြောမိ၏။
"မစားလို့မရဘူး! ညကလည်းဘာမှမစားဘူး အခုထပ်ပြီးတော့လုပ်ပြန်ပြီ! ဘာလို့ ဒီလောက်ခေါင်းမာနေရတာလဲ ကင်မ်ဆော့ဂျင်!"
ဂျင့်ကို အပြစ်မတင်ပါနဲ့။အစကတည်းက မောင်သာနားလည်ပေးခဲ့ရင် နားလည်တတ်ခဲ့ရင် ဂျင်လည်းအခုလိုလုပ်မည် မဟုတ်။
ငယ်ငယ်ကတည်းက အလိုလိုက်ခံရတဲ့ကလေးမို့ ခေါင်းမာတတ်တာမှန်ပေမယ့်
မောင့်ကိုဆို အမြဲအလျှော့ပေးတတ်တဲ့ သူမျိုးပါ...။ဒါကို မောင်နားလည်တံ့ကောင်းပါရဲ့...သက်ပြင်းသံ သဲ့သဲ့~
ဒေါသထွက်တာလား စိတ်မရှည်တာလား မသဲကွဲ။မောင့်ဆီက ထိုအသံကပင် ဂျင့်အား၀မ်းနည်းစေသည်။
"မင်းဘယ်လိုပဲလုပ်လုပ်! ငါကတော့မင်းကိုရအောင်ကုမှာ! မနက်ဖြန်ဆေးရုံကိုသွားကြမယ်...ဒါကြောင့် ပြဿနာ မရှာဘဲ မနက်စာကို အမြန်စားလိုက်"
"ဟင့်...ဟင့်အင်း မစားဘူး!"
ထပ် ထပ်ပြီးတော့ ...ဘာလို့ ဒီကိစ္စကိိုပဲအစဖော်နေရတာလဲ!။ဆေးကုဖို့တဲ့ ...ဂျင်ကဘာဖြစ်နေခဲ့လို့လဲ!
"အင့်...အွ လွှတ်"
ပါးနှစ်ဖက်ကို အတင်းဖျက်ညစ်ကာ မနက်စာထိုးကျွေးနေသော ထယ်ယောင်းကြောင့် ဆော့ဂျင်ရုန်းကန်မိသည်။
ထိုအခြေအနေကို သူမလိုလားပေ။ထိုကြောင့်ရုန်းကန်မိခြင်းသာ...လည်ချောင်း၀ထဲရောက်လာသည့် ကော်ဖီပူပူလေးကြောင့် အတင်းထွေးထုတ်မိတော့...
တောက်ခ်!!
သိမ့်ခနဲ့ တုန်တက်သွားသည့်ခန္တာကိုယ်...။ထွေးထုတ်လိုက်မိသည့် ကော်ဖီတွေကမရည်ရွယ်ပဲ မောင့်မျက်နှာပေါ် ပေစင်သွားခဲ့သည်...တောက်ခ်ခေါက်သံကျယ်ကျယ်နဲ့အတူ မောင်ကမကြည်သလိုကြည့်သွားခဲ့၏။
ကြောက်မိလာသည်။မောင့်ရဲ့အပြုအမူကိုလား မောင့်ကိုလား ကြောက်မိတဲ့အရာကဘာကိုလည်းဆိုတာမသိပေမယ့် ထိုနေရာရဲ့အ၀ေးဆုံးကိုထွက်ပြေးချင်လာမိသည်...