သူတို့၏ကလေးလေးပျောက်သွားပြီဟုဆိုကာ နားကွဲမတတ်အော်ခဲ့ကြသော ဇက်တို့ပင် ယခုမူနေရာတွင် အေးခဲနေကြလျက် သက်ပြင်းရှည်များကိုမှုတ်ထုတ်နေကြလေသည်။ အမွှေးလုံးလေးမှာ ကြီးကြပ်ရေးမှူးလဲကျသွားသည်ကိုမြင်သည်နှင့်ချက်ချင်းလှုပ်ရှားလာ၏။

"ကျိုး..."(အမှန်တော့လေ သူ့အော်သံလေးက ကျစ်ပ်/ ချစ်ပ် /ဂျစ်ပ် အဲ့လိုအသံမျိုဖြစ်မယ်ထင်တယ် ဒါပေမဲ့သေချာသတိမထားမိပဲ ကျိုးထားမိတော့ ကျိုးလိုက်တော့မယ်နော်😁😁သွေ့ပုချိ🥺)

၎င်းကစိုးရိမ်ပူပင်၍ အော်လိုက်သောအသံပင်။ ထိုအသံကြားမှ အနားတွင်ပတ်လည်ဝိုင်းနေသောဇက်တို့မှာ ကြီးကြပ်ရေးမှူးကိုစိုးရိမ်စွာဖြင့် စတင်ကာရှေ့တိုးလာကြသည်။

၎င်းသည် လျှပ်တပြက်အခြေအနေတွင် လူမိခံရခြင်းပင်။ သူသည်ဤပုံစံသို့ပြောင်းသွားပြီး လမ်းလျှောက်ရန်အဆင်မပြေသေးပေ။ ရွှေရောင်မျက်လုံးလေးများဖြင့် ဇက်ပေါက်စလေးမှာ၎င်း၏အားနည်းနေသေးသော အရိုးများကြောင့် ရှေ့သို့အနည်းငယ်လျှောက်ပြီးနောက် လဲကျသွားခဲ့သည်။

ဖြစ်ရပ်တစ်ခုလုံးက စက္ကန့်ပိုင်းအတွင်းဖြစ်ပျက်ခဲ့သည်။

သူတို့ဘုရင် လဲကျသွားပြီ။ ထိုအသိစိတ်က ဇက်တို့အားလုံး၏စိတ်ထဲတွင်ဖြစ်ပျက်သွားပြီး သည်းညည်းမခံနိုင်တော့သည့်ပုံစံပေါ်လာသည်။ သို့သော်လည်း ဘုရင်က ယိုင်နဲ့နဲ့ဖြင့်လမ်းဆက်လျှောက်နေပြီး လဲကျသွားပုံကချစ်စရာကောင်းနေသည်။ ၎င်းတို့မှာ အသက်ရှူရပိုခက်လာပြီး ဇက်တို့အားလုံးကတစ်ယောက်တည်းဖြစ်နေရာမှ အများဖြစ်နေသောအခြေအနေဖြစ်လာသည်။

ကုဟွိုက်မှာ ထိုမြင်ကွင်းကြောင့် ဆွံ့အသွားရ၏။

အကောင်ပေါက်ပုံစံနှင့်ဘုရင်....

အစတည်းက အလ်ဗ်မှလွဲပြီး အဆိုပါဇက်တို့သည် ကုဟွိုက်အပေါ် စံပြအုပ်ထိန်းသူများကဲ့သို့သော သဘောထားမျိုးရှိကြသည်။ ဇက်တို့၏မျက်လုံးထဲတွင် ကုဟွိုက်သည် အရွယ်ရောက်ပြီးသူတစ်ယောက်ဖြစ်နေသည်မှာမှန်သော်လည်း ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာအရ သူတို့သည်ကုဟွိုက်အား မွေးကာစကလေးတစ်ယောက်ကဲ့သို့ ခေါင်းမာစွာဖြင့်သတ်မှတ်ထားပြီး ဆက်လက်စောင့်ရှောက်နေခဲ့ကြသည်။

ငါ လူသားမဟုတ်တော့ဘူးWhere stories live. Discover now