အကြားအာရုံနှင့်စကားပြောနိုင်စွမ်းပါဆုံးရှုံးခဲ့ရသာ်အထိ သူ့ရဲ့စိတ်ထိခိုက်မှုမှာပြင်းထန်ခဲ့ရသည့်အတွက် သူအတော်လေးစိတ်ဓာက်ကျခဲ့ရသည်။ အကြိမ်ကြိမ် သတ်သေရန်ကြိုးစားခဲ့ပေမဲ့ မျက်စိအောက်ကအပျောက်မခံသည့် မာမီတို့ကြောင့် ယနေ့ထိအသက်ရှင်နေသေးသည်ဟုပြောလျှင်ပိုမှန်ပေမည်။ ရက်သီတင်းပတ်အတော်ကြာ အခန်းတွင်းမှောင်ချနေခဲ့ပြီးမှ ပြင်ပလောကကိုပြန်လည်ခံစားသည့်အခါ သူ၏စိတ်များကအတော်လေး လေးလံထိုင်းမှိုင်းနေရသည်။ သူအခန်းထဲက ကိုယ့်ခြေထောက်နှင့်ကိုယ်ထွက်လာသည့်အချိန်တုန်းက တစ်အိမ်သားလုံးအံ့အားသင့်ခဲ့ရသည်လေ။ လက်ထဲမှာ စာရွက်တစ်ရွက်နှင့်ဘောပင်အားဆုတ်ကိုင်ပြီး ​ပထမဆုံး မိသားစုနှင့်ပြန်ဆက်သွယ်မိခဲ့သည်ကာ သူ့အတွက်တော့မမေ့နိုင်တဲ့နေ့တနေ့ပါပဲ။

အချိန်သုံးလခန့်ကြာမြင့်သွားရသည့်သူ့ရဲ့စိတ်ဒဏ်ရာတွေကိုဆေးကြောဖို့သူပြန်တည်နိုင်ရန်အလို့ငါ အတော်လေးကြိုးစားခဲ့ရသည်။ စိတ်ကျန်းမာရေးဆေးရုံနှင့် အာရုံကြောဆေးရုံကို အလီလီသွားနေရ၍တစ်ခါတစ်ရံစိတ်ဓာက်ပါကျချင်မိသည်အထိ။ တစ်ရက် အကိုဖြစ်သူအကြံပေးသည့်အတိုင်း ဒီနိုင်ငံကနေခဏထွက်သွားပြီး စိတ်ကိုအနားပေးကြည့်မလားဟုသူ့အားပြောလေသည်။ ဒီနိုင်ငံမှာနေလျှင်အမှတ်တရများကပြန်လည်ခံစားမိနေ၍ သူရုန်းမထွက်နိုင်ဖြစ်နေသည်ကိုရိပ်မိဟန်ရှိသည်။ ထိုအတွက်ကြောင့် သူ့အားစိတ်မချ၍ သူနှင့်အတူ မာမီမှာ နယူဇီလန်သို့လိုက်ခဲ့လေသည်။ နေရာသစ်မြင်ကွင်းအသစ် ပတ်ဝန်းကျင်အသစ်နှင့် သဟဇာတဖြစ်စေရန်ကြိုးစားရင်း စိတ်ကိုအတက်နိုင်ဆုံးအေးချမ်းအောင်ထားသည်။ ဘုရားတရားကိုလေ့လာလိုက်စားသည်။ နေ့တိုင်းလိုလိုတရားမှတ်သည်။ စိတ်ကိုတွေဝေမှုမရှိလေအောင် ကိုယ်ခန္ဓာကိုအလုပ်ပေးသည်။ သူစိတ်အဆင်ပြေလောက်ပြီထင်မှသာ သူ့ကိုစိတ်မချသော်လဲ ဗီဇာအခတ်အခဲကြောင့်မာမီမြန်မာပြည်ပြန်သွားလေသည်။

နယူးဇီလန်မှာနေရင်း စီးပွားရေးနှင့်ပတ်သက်သည့် deploma ကိုထပ်ယူဖို့ကြိုးစားခဲ့သည်။ ကိုကိုအကြံပေးသည့်အတိုင်း လက်ဟန်ခြေဟန်ပြဘာသာစကားကိုသင်ယူခဲ့သည်။ သူ့အတွက်ထိုအချိန်များဟာစိတ်သက်သာရာရစေသည်။ တစ်ချက်တစ်ချက်အတွေးထဲရောက်ရောက်လာသည့်လူတစ်ယောက်ကိုတော့ မေ့ချင်ဟန်ဆောင်ကာကြိုးစားနေခဲ့ရသည်။ ဖြစ်နိုင်လျှင် အတိတ်မေ့ကာ ထိုလူသားအားမေ့သွားပါစေဟုဆုတောင်းခဲ့လေမလား။ ဒါပေမဲ့ အသိစိတ်ကမေ့သွားလျင်​တောင် နှလုံးသားကမေ့နိုင်ပါ့မလား။ နာမည်ဆင်တူတစ်ခုကိုကြားယုံဖြင့် ပုံစံတူလူတစ်ယောက်ကိုတွေ့ယုံဖြင့် အစမတန်ခုန်နေတက်သည့် သူ့နှလုံးသားကသူ့အတွက်တော့ ကြောက်မတ်ဖွယ်ရာပါပဲ။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now