Part (50)

271 20 3
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (50)
------------------------------------------

"ဘာလို့ ဒီလောက် သောက်နေရတာလဲ"

"အာ... အခုမှ ဒုတိယမြောက်ခွက်ပါ ဆရာရ"

"ဩ.. အင်း... မင်းကို ပြောတာမဟုတ်ပါဘူး "

မအောင့်အီးနိုင်ဘဲ တီးတိုးပြောလိုက်မိတဲ့ ကတိစကားကို ဘေးမှာထိုင်နေတဲ့ အရောင်းမန်နေဂျာ ကိုထက်က ဘုမသိဘမသိ ရှင်းပြနေသေးတာမို့ ကတိ ခေါင်းရမ်းငြင်းမိရင်း ကြည့်နေမိတဲ့ နေရာကိုသာ အာရုံရောက်နေရသည်...

ကိုယ်နဲ့တွဲတဲ့ တစ်လျှောက်လုံး အရက်ကို သေချာမသောက်ဖူးတဲ့သူက စားပွဲဝိုင်းမှာတောင် မထိုင်ဘဲ ဘားရှေ့မှာတင် ထိုင်သောက်နေပုံက အရက်သမားရင့်မာကြီးလိုပင်...

လွမ်းနေရတဲ့ အရိပ်ကလေးကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရတာကြောင့် အံ့ဩနေရတဲ့အပြင်...

ကိုယ်ထိုင်နေကျ Barကိုမှ ရွေးပြီးလာထိုင်တာကလည်း ညို ကိုယ့်ကိုလွမ်းနေလို့ပဲ ဖြစ်မည်...

လိုရာကို ဆွဲတွေးမိရင်း စိတ်မကြည်လင်တဲ့ကြားကပဲ ကျေနပ်စွာ ပြုံးမိစေတဲ့အဖြစ်...

ဒီနေ့က promotion နောက်ဆုံးနေ့ဖြစ်တာကြောင့် အရောင်းဘက်က ဝန်ထမ်းတစ်ချို့ကို ကတိ လာကျွေးမွေးခြင်းပါ...

တစ်ဖွဲ့လုံးက ယောက်ျားလေးတွေချည်း ဖြစ်နေတော့လည်း အစားဘက်ကို အားမသန်ဘဲ အသောက်ဘက်ကိုပဲ ဦးစားပေးကြတာမို့ ကိုယ့်ကွန်ဒိုနဲ့ နီးရာ Barမှာသာ ဆုံဖြစ်ကြတာ...

ကိုယ်တွေ မရောက်ခင်ကတည်းက ညိုက ရောက်နှင့်နေပုံရပြီး

ကတိ ညို့ကို လှမ်းတွေ့ချိန်မှာတော့ အတော်လေးမူးနေပုံပေါ်နေပြီ...

ညို ဘာလုပ်မလဲ ဆက်ကြည့်နေတော့လည်း အဖော်လည်းမပါ အမြည်းလည်းမစားဘဲ သောက်နေတာက ဆက်တိုက်...

သူစိမ်းပြင်ပြင်လို အဝေးက လှမ်းကြည့်နေမိတာက တကယ်တမ်း သူစိမ်းတစ်ယောက်စိတ်နဲ့တော့မဟုတ်...

ကတိရဲ့ ကြည်မွေ့စွာပြုံးဖြစ်ခြင်းက ကြာရှည်မခံလိုက်ဘဲ ညို့အနားရောက်လာသူကြောင့် ဒေါသက ပြန်လည်အုပ်မိုးသွားရပြန်သည်...

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now