Part (4)

647 27 1
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (4)
--------------------- unicode/ zawgyi

"စားမကောင်းလို့လား "

အလုပ်ပိတ်ရက်ဖြစ်၍ လဆန်းညို ဟင်းသေချာချက်ဖြစ်ပြီး ညီအစ်ကိုနှစ်ယောက် မျက်နှာချင်းဆိုင်ကာ ထမင်းစားနေကြပေမယ့် တို့ကနန်းဆိတ်ကနန်းစားနေတဲ့ လပြည့်ကို လဆန်းညို အားမလိုအားမရမေးလိုက်မိတော့

"ကောင်းပါတယ်..."

"ကောင်းရင် ထည့်စားလေကွာ "

ပြော​ပြောဆိုဆိုနဲ့ လပြည့်ပန်းကန်ထဲကို လဆန်းညို ကိုယ်တိုင် ဟင်းခပ်ထည့်ပေးလိုက်ရင်း

"ကျောင်းနားနေရတဲ့ ရက်တွေမှာ ဂိမ်းချည်းပဲ လှိမ့်ဆော့မနေနဲ့ဦး....
သူငယ်ချင်းတွေဆီက စာအုပ်ငှားပြီး စာတွေနေ့တိုင်းပြန်ကူးထား...
ငါပြန်ရောက်တာနဲ့ စာရှင်းပြမယ်...
နေ့ဘက်အားတဲ့အချိန်ကျက်ထားပေါ့... "

"ဟုတ်"

ထောင့်စေ့အောင်မှာနေတဲ့ ကိုညို့ကို လပြည့် မသိမသာ မျက်လုံးလှန်ကြည့်ပြီး အကဲခတ်နေမိသည်
အိမ်ရောက်ရင် နားပူအောင် အဆူခံရတော့မယ်လို့ ထင်ထားခဲ့ပေမယ့်
တကယ်တမ်းကျ ရုံးခန်းရောက်တဲ့ကိစ္စနဲ့ပက်သက်ပြီး စကားမစတဲ့ ကိုညို့ပုံစံက ထူးဆန်းနေသလိုပင်

"ငါ့ကို ပြောစရာရှိလို့လား "

ကိုယ့်မျက်နှာကို အကဲခတ်သလိုကြည့်နေတဲ့ လပြည့်ကို လဆန်းညို မေးလိုက်မိတော့

"ထူးဆန်းနေလို့ပါ "

"ဘာကလဲ... "

"ကျွန်တော့်ကို မဆူလို့လေ "

မယုံမရဲပြောနေမိတဲ့ ကိုယ့်ကို ကိုညိုက မပွင့်တပွင့်အပြုံးဖြင့်ကြည့်လာပြီး

"ငါ့ညီက လူရမ်းကားမဖြစ်နိုင်ဘူးလို့ ယုံလို့ပါ"

ကိုညို့စကား​ကြောင့် လပြည့်ရင်ထဲ ဘယ်လိုဖြစ်သွားမှန်းပင်မသိ
ကြည်နူးခြင်းလား အားတက်သွားရခြင်းပဲလား
သေချာတာတစ်ခုက အတော်လေးခံစားလို့ကောင်းတဲ့ ခံစားချက်ဆိုတာပင်

"မင်းကို အပြစ်တင်ဖို့ထက်....
မင်း စိတ်လိုက်မာန်ပါ ဖြေရှင်းရလောက်အောင် ဘယ်လိုပြဿနာမျိုးရှိခဲ့လို့လဲဆိုတာကို ပိုသိချင်တယ်...
အဲ့ဒီ့ပြဿနာကို မခန့်မှန်းနိုင်တဲ့ ငါ့ကိုယ်ငါပဲ ပိုအပြစ်တင်မိတာပါ"

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now