Part (43)

244 13 1
                                    

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl)
part (43)
----------------------------------------------

ကားပါကင်အထိ လိုက်ပို့ပေးတဲ့ ခိုင်မြဲဆန္ဒနဲ့အတူ လျှောက်လာတုန်းမှာပဲ

"အိုး!!! အဲ့လို မပြေးရဘူးလေ "

"ဟာ!!!"

ဟိုတယ်ဝင်ပေါက်အတိုင်း ​ပြေးဝင်လာတဲ့ ကလေးတစ်ယောက်ကို လဆန်းညို ရုတ်တရက်ရှောင်လိုက်ရတော့ သတိကြီးပြီးဖျတ်လတ်ပုံရတဲ့ ခိုင်မြဲဆန္ဒက လဆန်းညိုပခုံးကိုဖက်ကာ သူ့ဘက်သို့ ဆွဲယူလိုက်သည်....

"ကျေးဇူးပါ ဆန္ဒ"

လဆန်းညို ခိုင်မြဲဆန္ဒကို မော့ကြည့်ပြီး ကျေးဇူးတင်စကားဆိုမိတော့...
ပြုံးလျှက်ငုံ့ကြည့်နေတဲ့ ခိုင်မြဲဆန္ဒက ဖက်ထားရာကနေ ပြန်လွှတ်ပေးခြင်းမရှိဘဲ...

"ညိုနဲ့ စတွေ့တုန်းကလည်း ဒီလိုပဲလေ..."

"ဗျာ"

"မတူတာဆိုလို့ အဲ့ဒီ့တုန်းက ညိုက ကိုယ့်ရင်ခွင်ထဲကို ကိုယ်တိုင်ဝင်လာခဲ့တာ ..."

ကိုယ့်မျက်နှာကို စိုက်ကြည့်ပြောနေတဲ့ ခိုင်မြဲဆန္ဒစကားတွေကို လဆန်းညို နားလည်နိုင်ခြင်းမရှိ....

"အခုတော့ ကိုယ်ကဆွဲခေါ်လိုက်တာပဲ...

ညို သိမှာမဟုတ်ပေမယ့်...

ကိုယ် ဒီနိုင်ငံကို ပြန်လာတဲ့အကြောင်းအရင်း အစစ်က
အခုလိုမျိုး ညို့ကို ကိုယ့်ရင်ခွင်ထဲ ပြန်ဆွဲခေါ်ဖို့ပဲ.. "

ခိုင်မြဲဆန္ဒက ကြောင်ကြည့်နေမိတဲ့ ကိုယ့်ကို သူ့ရင်ခွင်ထဲရောက်အောင် ဆွဲသွင်းလိုက်မှ လဆန်းညို သတိဝင်လာရပြီး...

"ကျွန်တော့်ကို လွှတ်ပါဆန္ဒ"

ခိုင်မြဲဆန္ဒဆီက ရုန်းထွက်ပြီးတဲ့အထိလည်း လဆန်းညို မင်သက်နေမိဆဲ...

"ကိုယ့်ဆီ လာခဲ့ပေးပါ ညို"

ခိုင်မြဲဆန္ဒ ပြောနေတဲ့ စကားတွေကို နည်းနည်းမှ နားလည်နိုင်ခြင်းမရှိပေမယ့်...

လေးနက်လွန်းတဲ့ ခိုင်မြဲဆန္ဒ အကြည့်တွေကြောင့် လဆန်းညို စိတ်ရှုပ်ထွေးမွန်းကြပ်လာခဲ့ပြီ....

ကျွန်တော့်ချစ်သူ ဆိုက်ကိုပါ့သ် (bl) completedWhere stories live. Discover now