အပိုင်း - 7(U/Z)

1.8K 65 10
                                    

UNI
♡︎ဦးဦး နဲ့ ကလေးလေး♡︎

BasketBallကိုအားကြိုးမာန်တက်ဆော့နေသည့်ရှောင်ကျန့်လေးက နားသယ်စပ်နားချွေးစပ်လေးတစ်ချို့ကပ်ညိနေပြီး နှားခေါင်းနှင့်နှုတ်ခမ်းထက်မှချွေးမျာကိုလည်း ဝတ်ထားသည့်အင်္ကျီစလေးဖြင့်ကောက်ကာသုတ်နေသည်ကြောင့် ဝမ်းဗိုက်ဖြူလွလွလေးကတစ်ချက်ချက်လစ်ဟာပြသလိုဖြစ်နေလေသည်။

ရိပေါ်မှာကားကိုမှီရပ်ရင်း ကိုင်ထားသည့်ဖုန်းထဲမှအကြောင်းအရာများကိုအာရုံမစိုက်နိုင်အောင် ရှောင်ကျန့်လေးကိုမျက်မှောင်တွန့်၍ ကြည့်နေမိသည်။

ထိုကဲ့သို့ အစိတ်အပိုင်းလေးများလစ်လပ်ပေါ်နေမှုကိုရိပေါ်မကြိုက်ပါ။ ဒီလိုနေရာမှာ သူတစ်ယောက်ထဲရှိနေခြင်းမဟုတ်။ အတော်အသင့်လူတော်တော်များရှိနေသည်မို့ ဒီကလေးလေးရဲ့အပိုင်လေးများကိုတစ်ခြားသူမြင်သွားမှာတစ်စိုးစိမျှတောင်မခံချင်။ ဘယ်သူပြောနိုင်ပါ့မလဲ ဒီလိုမက်မောဖွယ်ရာလေးကို သူများတွေလာမပစ်မှားနိုင်ပါဘူးလို့။ ဒီလိုအရာများကို ဒီကလေးလေးဂရုစိုက်သင့်ဖို့ကောင်းသည်။

(အံ့သြဘ အဲ့ပေါ်နေတာရှင့်ဟာမို့လို့လားရိပေါ် ပစ်မှားတယ်လေးဘာလေးနဲ့ အဲ့တာသူပစ်မှားနေလို့ သူများပစ်မှားမှာလဲစိုးရိမ်နေတာ ကမ္ဘောဇပဲနော်)

ရှောင်ကျန့် ကစားနေရင်းဖြင့် ဦးဦးအားလှမ်းကြည့်မိတော့ အလိုမကျသလိုတင်းမားနေသည့်မျက်နှာထားဖြင့် သူ့တို့ကစားရာနေရာသို့လှမ်းကြည့်နေသည်။ ထိုအချိန် ဟောက်ရွှမ်းကောက ရေဘူးယူလာပေးသည်မို့ ဖောက်သောက်လိုက်သည်။

"ဟောက်ရွှမ်းကော ဦးဦးကို ကြည့်ကြည့် သားတို့ကိုအကြာကြီးစောင့်နေရလို့စိတ်တိုနေလားမသိဘူး"

"ဟင်!!"

ဟောက်ရွှမ်းလှမ်းကြည့်လိုက်တော့ ရိပေါ်၏မျက်မှောင်ကျုတ်ထားမှုမှာ မျက်ခုံးနှစ်ခုဟာထိလုမတက်။

"တိုတိုပေါ့ တိုရင်းနဲ့ အကုန်တိုဝင်သွားလည်းအေးတာပဲ"

ရုတ်တရက်ကားကိုမှီရပ်ထားရာမှခွါပြီး သူတို့စီလျှောက်လာသောရိပေါ်ကြောင့် ဟောက်ရွှမ်းနှင့်ရှောင်ကျန့်လေးမှာ ရိပေါ်ဘာလို့သူတို့စီ အလောတကြီးလာရသလဲဟုမတွေးတက်အောင်ပင်။ သူတို့ဆော့နေတာ တစ်ပွဲပဲရှိသေးသည်မဟုတ်လား ဒုတိယပိုင်းဆက်ဖို့ကျန်နေသေးသည်။

♡︎ဉီးဉီး နဲ့ ကလေးလေး♡︎ Where stories live. Discover now