"ဒီနေ့တော့ အတူနေရအောင်"

ထိုစကားကြားတော့ ချက်ချင်းဆိုသလို နိုဝယ့်မျက်နှာမှာအပြုံးများဖြစ်ထွန်းလာခဲ့သည်။ တို့မယုံချင်ဘူးနိုဝယ်။ တို့မြင်ခဲ့ရတဲ့နိုဝယ်က အခုလိုနူးညံ့မှုရှိတဲ့သူမှမဟုတ်ပဲ။ ဒါပေမဲ့အခု တို့နဲ့ရောယှက်နေတဲ့ နိုဝယ်က သူတို့တွေပြောတဲ့ moon လဲမဟုတ်ဘူး little fox လဲမဟုတ်ဘူး ဒီတိုင်း ဒီတိုင်း တို့ချစ်တဲ့နိုဝယ်။ တို့ကိုချစ်တဲ့နိုဝယ်ဖြစ်နေတာလေ။ တကယ်တို့နားမလည်နိုင်တော့ဘူးအချစ်ရယ်။ အခုလိုလိမ်ပြီးတော့တောင် တို့အနားမှာရှိနေရတာဘာကြောင့်လဲ။ သာယာမှုရှိတုန်းခဏမို့လို့လား ဒါမှမဟုတ် သူတို့တွေပြောသလို အချိန်တန်ရင် တကယ့်ပုံစံအမှန်တွေထုတ်မပြခင်ချိုသာမှုပေးနေခြင်းပဲလား။

အချစ်ရဲ့ကိုယ်ခန္ဓာပေါ်မှာ တို့လိုအမှတ်အသားပေးဖူးတာဘယ်နှစ်ယောက်များရှိနေခဲ့လဲအချစ်ရယ်။ အချစ်ရဲ့နှလုံးသားထဲမှာအတိအကျဘယ်သူများရှိနေမလဲ တို့သိချင်ပါရဲ့။ တောင်းပန်ပါတယ် မယုံကြည်လို့မဟုတ်ပေမဲ့ တို့ကိုယ်တိုင်စုံစမ်းမှတို့စိတ်သက်သာယာရမှာမို့လို့ပါအချစ်ရယ်။

နိုဝယ်မသိအောင် မရိပ်မိအောင် အနောက်နေတိတ်တဆိတ်စုံစမ်းစေရန်အလို့ငှာဆက်ပိုင်အား လူတစ်ယောက်ငှားစေသည်။ ပြန်ရတဲ့ဓာက်ပုံတွေသတင်းတွေထဲမှာ တို့မထင်ထားလောက်အောင်ပါပဲ။ တို့ကိုအလုပ်ကိစ္စဆိုပြီးသွားတဲ့နေရာက ချောင်ကျကျမြို့အစွန်ကအိမ်တစ်လုံးဖြစ်နေသည်။ ဘယ်အချိန်ထိများလိမ်ထားဖို့စိတ်ကူးသလဲ။ တို့သာ ဒီအဖြစ်အပျက်တွေကိုမသိခဲ့ရင် ဘယ်အချိန်ထိများတို့ကိုဖုံးကွယ်ထားမလဲ။

ဒီနေ့မနတ်တော့ နိုဝယ်အိမ်ကနေထွက်သွားကထဲက အနောက်ကနေထပ်ကြပ်မကွာလိုက်ကြည့်နေမိသည်။ ထိုမြို့ပြင်ကအိမ်သို့သွားတာကိုသိလိုက်ရတော့ မမြင်ကွယ်ရာကနေ စောင့်ကြည့်နေမိခဲ့တာ။ ဒီအချိန်တို့ကိုတွေ့လိုက်ရင်ဘယ်လိုတုံ့ပြန်မလဲဆိုတာကိုသိချင်မိသည်။ ခြံရှေ့ကားထိုးရပ်လိုက်တော့ သူ့အားမသင်္ကါသလိုဖြင့်ကားနားကပ်လာခဲ့သည်။

"ဘယ်သူလဲ ဘာကိစ္စလဲ"

"အဟင်း မင်းတို့မမလေးကတော့ အခုလို တို့ကို ရင့်ရင့်သီးသီးပြောနေတာသိရင်တော့ ဘယ်လိုဖြစ်မယ်ထင်လဲ"

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now