??? ဒီဇက်အုပ်စုက ဘာဖြစ်နေကြတာလဲဟ...

သဘာဝအရ ဇက်တို့ကသူတို့ဘုရင်အပေါ် ဂရုစိုက်ပေးမှုသည်ပြဿနာမဟုတ်။ ပြဿနာမှာ သူတို့က သင်္ဘောအနည်းငယ်လောက်လေးအား ဖျက်ဆီးပြီးသည်နှင့် ကုဟွိုက်အားလာကြည့်ကြခြင်းပင်။ ၎င်းက သူတို့အတွက် ဇက်တို့၏စိုးရိမ်ပူပင်မှုများကို နားမလည်နိုင်ဖြစ်လာစေသည်။

ဇက်တို့တွင် မိဘကဲ့သို့သော အမူအကျင့်မျိုးရှိပြီး ကာကွယ်ပေးရန်လိုအပ်လာလျှင် သူတို့ဘုရင်အား ကလေးလေးတစ်ယောက်ကဲ့သို့ပင်ဆက်ဆံတတ်ကြ၏။ သူတို့သည် အနှီစိတ်ကူးနှင့်ပတ်သတ်၍ လက်တွေ့တွင်မည်သည့်အရာများပင်ဖြစ်လာပါစေ တစက်လေးပင်လွဲလျော်နေသည်ဟုမထင်ကြပေ။ သူတို့သာ ဇက်တို့နှင့်စကားပြောရမည်ဆိုပါက အောက်ပါအတိုင်းဖြစ်လာလိမ့်မည်။

သူတို့: နိုးထလိုက်တော့! မင်းတို့ဘုရင်ကအရွယ်ရောက်နေပြီကွ!

ဇက်(တယူသန်နေလျက်) : ငါတို့ဘုရင်က ကလေးလေးပဲရှိသေးတယ်။

စစ်သင်္ဘောတွေအကုန်ပျက်စီးသွားတော့ရော ဘာဖြစ်လဲ။ စစ်သင်္ဘောများအကုန်ပျက်စီသွားခဲ့လျှင်ပင် သူတို့ဘုရင်ကဒဏ်ရာရနိုင်သေးသည်။ ထပ်ဖြည့်ပြောရပါက စိတ်စွမ်းအင်သုံးစွဲရခြင်းက သူတို့ဘုရင်ကို အလွန်အကျွံအားအင်ကုန်ခမ်းစေသည်။ သူ့ခန္ဓာကိုယ်က အဆင်ပြေမည်မဟုတ်။ ခန္ဓာကိုယ်ကအဆင်ပြေလျှင်ပင် ဘုရင်က တိုက်ခိုက်မှုကိုကြုံတွေ့ရပြီးထိတ်လန့်သွားလိမ့်မည်။ သူတို့ ဘယ်လိုလုပ်မစိုးရိမ်ဘဲနေပါမည်နည်း။

ဇက်တို့၏စိုးရိမ်နေသောအကြည့်များအောက်တွင် နောက်ဆုံး၌ ကုဟွိုက်ပြောလိုက်ရသည်။

"ငါဘာမှမဖြစ်ပါဘူး၊ မစိုးရိမ်ကြပါနဲ့..."

ကုဟွိုက်မှာ ပင်ပန်းနေခြင်းမျိုးမရှိ၍ ထိုအကြောင်းကိုမပြောချင်ပေ။ သူမျက်တောင်တဖျတ်ဖျတ်ခတ်ကာ အိပ်ချင်စိတ်ကိုမောင်းထုတ်လိုက်ပြီး သူ၏ဘေးပတ်လည်မှ တက်ခ်ဇက်များဘက်သို့လှည့်လိုက်၏။

"ကာရုရော..ဒဏ်ရာရသွားသေးလား၊ အကုန်လုံးအဆင်ပြေကြလား.."

ကုဟွိုက် နာမည်ခေါ်လိုက်သောတက်ခ်ဇက်မှ ရှူးကနဲအသံပေးကာ တုံ့ပြန်လာသည်၊ ၎င်း၏ နီရဲနေသောမျက်ဆံက ကုဟွိုက်အပေါ်တွင် မလှုပ်မရှားဘဲရှိနေ၏။ သူတို့သည် ကျောက်ခဲလေးများနှင့် ထိခတ်မိရုံသာဖြစ်ပြီး တက်ခ်ဇက်များအတွက် ယားယံမှုပင်မဖြစ်စေပေ။ ကျောက်တုံးနဲ့ထိမိသည့်နေရာတွင်ပွန်းပဲ့သွားရုံသာဖြစ်ပြီး အန္တရာယ်ကြီးကြီးမားမားမရှိချေ။

ငါ လူသားမဟုတ်တော့ဘူးWhere stories live. Discover now