တီတီ။ တီတီ။

အလုပ်ကိုပြန်သွားသည့်လမ်းမှာ ဖုန်းနံပါတ်အစိမ်းက viber ကနေဝင်လာခဲ့သည်။ သူ့ဖုန်းနံပါတ်အားနိုင်ငံခြားဖုန်းဖြင့်ခေါ်သည်မှာတော်ယုံဘယ်သူမှမရှိသည်လေ။

"ဟယ်လို ဏရီ ငါပါ"

"ဟင် ထက်ပိုင်"

လူရှင်းပြီးကားရပ်လို့ရမည့်နေရာတစ်ခုကိုရှာကာ အမြန်ကားရပ်လိုက်ရသည်။ ချက်ချင်းဖြစ်သွားသည့်အတွက် တစ်ချို့ကားသမားများဆဲဆိုသွားသည်ကိုလဲမမှုနိုင်။

"ငါ အခု ဘန်ကောက်မှာဏရီ နင်ဖြစ်နိုင်ရင် ငါ့ဆီလာပေးလို့ရမလား"

"ထက်ပိုင်ရယ်နင်အဲ့မှာဘယ်အချိန်တုန်း မူးများနေတာလား ချက်ချင်းလာလို့ရအောင် ဘန်ကောက်နဲ့ရန်ကုန်ဟ ငါ့အလုပ်တွေပစ်ထားပြီးလာရမှာလား နင်ဘာပြဿနာရှာထားပြန်ပြီလဲ"

"ဟာနင်ကလဲ ငါ့ကိုဆိုပြောဖို့ကြီးပဲ အခု ငါပြောတာသေချာနားထောင်နော် နင်ပြောဖူးတဲ့နင့်ရည်းစားဆိုတဲ့သူအကြောင်းငါပြောပြချင်လို့"

"ဟင် နိုဝယ့်အကြောင်း နိုဝယ်ဘာဖြစ်လို့လဲ သူကအခု ဒီမှာငါနဲ့ရှိနေတာလေ"

"ဟာအဲ့တာတွေနောက်မှပြောပါ နင့်ရည်းစားရဲ့အဖေကဘယ်လိုလူမျိုးလဲဆိုတာသိလား သူကဒီကနိုင်ငံရေးသမားတစ်ချို့ရဲ့လက်ပါးစေတဲ့ မာဖီးယားလိုလိုဘာလိုလိုလို့ကြားသေးတယ် နင်အကြောင်းစုံသိချင်ရင် အချိန်ရအောင်ယူပြီးဒီကိုလာခဲ့"

ထိုနေရာမှာသူငြိမ်နေမိတာအချိန်တစ်ခုကြာ။ နိုဝယ့်ရဲ့လုပ်နိုင်စွမ်းတွေ သတင်းအချက်အလက်ယူနိုင်မှုတွေ နောက်စိတ်တိုလျှင်တစ်ဇွတ်ထိုးလုပ်တက်သည့်အပြုအမှုတွေ ဟိုတလောကသူနှင့်ပတ်သက်ပြီးတွေ့မြင်ခဲ့ရတာတွေကိုကြည့်ပြီးနိုဝယ့်အကြောင်းကိုပိုပြီးသိချင်ခဲ့ပေမဲ့ အခုလို ကိုယ့်ချစ်သူအကြောင်းကို တစ်ခြားသူစီကကြားလိုက်ရ၍စိတ်ထဲဘဝင်မကျချေ။ ကိုယ်မသိသေးတဲ့နိုဝယ့်အကြောင်းတွေအများကြီးရှိတာသိပေမဲ့ သူမသိသေးတဲ့နိုဝယ့်အကြောင်းများကို စုံစမ်းကြည့်ချင်ပေမဲ့ မယုံသလိုဖြစ်နေမည်ဆိုး၍ နိုဝယ်နှင့်ချစ်သူဖြစ်ပြီးကထဲကဆက်ပြီးမစုံစမ်းပဲနေခဲ့သည်။ ဒါပေမဲ့ အခုထက်ပိုင်ကတကူးတကဖုန်းဆက်ပြီးပြောလာ၍သူသိချင်မိသည်။ နိုဝယ်မပြောပြဖူးတဲ့နိုဝယ့်အကြောင်းများအားသူသိချင်မိသည်။ ​ဒါကြောင့်အလုပ်များကိုအတင်ပြေအောင်လုပ်ကာ ထက်ပိုင်ရှိရာကိုသးလိုက်သွားရန်ဆုံးဖြတ်ခဲ့ပါသည်။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now