အကိုဖြစ်သူနေရာကိုအစားထိုးခံလိုက်ရသည့်ဏရီ့အတွက် သူ့အဖေ၏ တစ်သွေးတစ်သံတစ်မိန့်နှင့်သာနေရလေသည်။ ငယ်စဥ်ကထဲက ကြောက်စိတ်သွင်းခံရသည့်ခလေးဖြစ်သည့်အလျောက် သူ့အဖေကိုတော့သူသေမတက်ကြောက်ပါသည်။ အကိုဖြစ်သူရဲ့သတင်းအားအမြဲစုံစမ်းနေတက်ပြီး အကိုဖြစ်သူထံမှ အဆက်အသွယ်ရသည့်အခါမှသာ သွားတွေ့ရဲလဲ့ပါသည်။ ဋီကာကျော်သည် ဦးဉာဏကျော်ခဲ့သို့စိတ်ဓာက်ပြင်းလေသည်။ အဖေဖြစ်သူထောက်ပံ့ပေးသည်ကို နိုင်ငံခြားရောက်သွားသည့်တစ်နှစ်သာယူလေပြီးနောက် အဆက်အသွယ်ဖြတ်သွားသည့်အတွက် ဒေါ်မိုးပပဆွေမှာ ခင်ပွန်းဖြစ်သူမသိအောင် ကြိတ်ကာငိုကြွေးရသည်။ သူကိုယ်နိုင်လဲ ခင်ပွန်းဖြစ်သူကိုကြောက်သည့်အတွက် ဘာမှမပြောရဲရှာ။ သမီးဖြစ်သူထံမှသာ သားဖြစ်သူ၏သတင်းကိုမျော်ရလေသည်။

အများအမြင်မှာတော့ ဒဏ္ဏာရီဟာ တစ်ဦးတည်းသောသမီးဖြစ်သူအဖြစ်နေထိုင်ခဲ့ရလေသည်။ အိမ်ရှိမိသားစုဓာက်ပုံများ၌လဲ ဋီကာကျော် မပါခဲ့ပါ။ ထိုမျှလောက်ထိ ဦးဉာဏကျော်မှာ သားဖြစ်သူကိုစွန့်လွတ်ခဲ့ပါသည်။

လက်ရှိ ဟိုတယ်အခန်းအတွင်း၌ ဏရီပြောသမျှကိုနားထောင်ရင်း သူ၏ဒေါသကိုပြန်လျော့နေရသူမှာ နိုဝယ်ဖြစ်နေသည်။

"Hay what is going on"

"Don't talk to me idiot မြန်မာလိုပြောစမ်းပါအရူးရဲ့ နင်လုပ်တာ ငါ့ကောင်မလေးနဲ့ပြဿနာတက်တော့မလို့"

"ဟေး ငါ့ဘာသာရေချိုးပြီးထွက်လာတာလေ သူကသာ ရုတ်တရပ်ကြီးရောက်ချလာတာ"

"နိဝယ်အခုရှင်းသွားပြီလားဟင် တို့ပြောတာအကုန်အမှန်တရားတွေပါ အခုဒီကောင်းကျိုးမပေးတဲ့အကိုက မြန်မာပြည်ကိုရုတ်တရပ်ကြီးပြန်လာတာလေ အခုကျ ပြန်တော့မယ်ဆိုလို့ တို့နိုဝယ့်ကိုမပြောဖြစ်ခဲ့တာပါ နောက်ပြီး တစ်ခုခုကြောင့် ကိုကို့အကြောင်းသိသွားရင် ဒယ်ဒီနဲ့ပြဿနာတက်မှာဆိုးလို့ပါ တို့ကိုနားလည်ပေးပါနော်"

သကောင့်သားက ကုတင်မှာထိုင်ကာ သူတို့နှစ်ယောက်အားကြည့်နေလေသည်။ နိုဝယ်ကပြန်စိုက်ကြည့်လျှင် မျက်လုံးအားဟိုဒီကစားကာ မသိသလိုလုပ်နေပြန်သည်။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now