သူ ဝရန်တာသို့ လျှောက်သွားခိုက်မှာပင် ချန်ပေါ်ချောင်ကလဲ ပန်းကန်တွေဆေးပြီး၍ ထွက်လာတာနှင့်ကြုံ၏။မျက်လုံးထောင့်မှ ကျန်းကျွယ်ဟာ ချန်ပေါ်ချောင်ရပ်သွားပြီး သူ့ထံကို ကြည့်လာသည်အား တွေ့လိုက်ရသည်။ သို့သော် သူက ခေါ်မလာသဖြင့် ကျန်းကျွယ်လဲ မသိချင်ယောင်ဆောင်လိုက်ပြီး ဝရန်တာမှန်တံခါးကို အမြန်ဖွင့်ဝင်ကာ အသာပိတ်လိုက်တော့သည်။
Safe House၏ ဝရန်တာက သေးငယ်ရိုးရှင်း၏။အုတ်အကာကို မီးခိုးရောင် ဘိလပ်မြေအလွှာဖြင့်သာ ခြယ်မှုန်းထားသည်။အပြင်စွန်း၏ အမြင့်မှာလည်း ကျန်းကျွယ်၏ ခါးလောက်သာရှိသည်။ ဝရန်တာမှရပ်၍ အပြင်ကိုကြည့်လိုက်သည်နှင့် ဘန်ကောက်၏ အဆောက်အဦး ဧရိယာကြီးကို မြင်နိုင်ပါ၏။
ကျန်းကျွယ် မနေ့က မိုးလေဝသကြည့်ခဲ့ရာ ယနေ့ တိမ်ထူ၍ မိုးအုံ့နေကြောင်း သိလိုက်ရသည်။သူ ဝရန်တာမှာရပ်၍ ခဏမျှရှိနေလိုက်၏။ သေချာစွာပင် သူ့မျက်နှာထက်သို့ မိုးဖွဲလေးတွေ ကျဆင်းလာပါသည်။
လေက စိုစွတ်ပူနွေး၍ အပြာဖျော့ရောင် မြူခိုးများက မိုးနှင့်ရောကာ အဝေးရှိ ပြန့်ကျဲနေသော အဆောက်အအုံများနှင့်ဘုရားကျောင်းများပေါ်တွင် လူးလားနေတော့သည်။
ကျန်းကျွယ် ဆေးလိပ်ကို မီးခြစ်ဆံနှင့် ညှိလိုက်၍ တစ်ရှိုက်ဖွာကာ မီးခြစ်ဆံကို ယမ်း၍ငြှိမ်းလိုက်သည်။ ပြီးလျှင်ဆေးချေးနှင့် နီကိုတင်းအား အဆုတ်ထဲရှုသွင်းလိုက်ပြီး မိုးသဲနေသော မြို့ကို တွေဝေစွာကြည့်နေမိ၏။
သူ ကိုးနာရီအိပ်ခဲ့သော်လည်း ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။ သူဟာ ယောင်ဝါးဝါးခံစားချက်များနှင့် ပုံရိပ်မပေါ်သောအိပ်မက်များကို မက်ခဲ့၏။ သူနိုးလာသောအခါ စိတ်အခြေအနေဆိုးဝါးနေခဲ့သည်။သူ့စိတ်ထဲမှာ မရေမတွက်နိုင်သောအရာများစွာ ပြေးလွှားနေပြီး ထိုအရာများက လူတစ်ယောက်တည်းကိုသာ ညွှန်ပြနေခဲ့၏ : မှန်သည် ချန်ပေါ်ချောင့်ကိုညွှန်ပြနေတာပင်။
သူတို့နှစ်ယောက်လုံး အသိစိတ်ရှိနေချိန်မှာ အနမ်းပေးခဲ့ကြသည်။သူ မိုးရေထဲမှာရပ်လျက် ဆေးလိပ်တစ်ဖွာကို မှုတ်ထုတ်လိုက်ပြီး သူ ကျေနပ်သင့်ကြောင်းကို ဖြည်းဖြည်းချင်း တွေးနေမိ၏။
YOU ARE READING
ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန် || 『Completed』
Romance" ကျန်းကျွယ် " " အွန်း " " နောက်တစ်ခါဆို ပန်းပေးတာက ရပေမဲ့ မိုးမမိစေနဲ့ "
Chapter - 21
Start from the beginning