Death's beloved/3

24 2 2
                                    

သူထွက်သွားပြီ မနနေတော့ ဒီဇိုင်းနာ ရောက်လာကြသည် မြူကိုယ်တိုင်းယူကာ ဝတ်စုံဒီဇိုင်းမျိုးစုံတွေထုတ်ပြကာါ စိတ်ကြိုက်ရှိရင်လည်း ပြောခိုင်းသည်။ မြူလည်း ဖုန်းထုတ်ကာ မြူသဘောကျတဲ့ ပုံစံပြတော့ မြူန့လိုက်ဖက်ကြောင်း ပြောလာသည်။ 

အရောင်ကိုတော့ ဟိုလူအကြိုက် နက်ပြာရောင်သာ ရွေးမိသည်  ဟိုလူအတွက်ကတော့ ကြိုလို့မှာထားပြီးသားထင် အကုန်မြူအတွက်ကြီးသာ  လက်ဝတ်ရတနာအစ ၊ဖိနပ် အဆုံး အကုန်လုံးပင် ။ ခနသာ အယောင်ဆောင်ဆိုပေမယ့် ရတဲ့အချိန်လေးကို  ပျော်အောင်နေရမည်ဖြစ်သည်။
_
_
_

M2 ကုမ္ပဏီဆိုတာနဲ့ လူကြီးမှအစ ကလေးအဆုံး မသိသူမရှိ ။ အမျိုးမျိုးသော လူသုံးကုန်အသစ်အဆန်းများ ထုတ်လုပ်မှုက မြန်မာသာမက နိုင်ငံအသီးသီးတွင် အောင်မြင်နေသော ထိပ်တန်းကုမ္ပဏီတစ်ခုပင် ။  နိုင်ငံပေါင်းဆယ့်ခြောက်နိုင်ငံ ကို ရုံးခွဲများ ဖွင့်လှစ်နိုင်သည်အထိ MRNကုမ္ပဏီက နာမည်ကြီးသလိို လူကြိုက်လည်းအများဆုံး အမှတ်တံဆိပ်အဖြင့် သတ်မှတ်ခံထားရသည်။

မျိုးရိုးစဉ်ဆက်ကတည်း ချမ်းသာမှုက နောက်မျိုးဆက် ဆယ်သက်စားမကုန်ပေ ။  M2 CEOဟောင်း ဦးဘုဏ်းမင်းမူက သူ့သားအငယ် မရဏမင်းမူကို လွဲပြောင်းပြီး တစ်နှစ်ဆိုတဲ့အချိန်အတွင်း ယခင်ထက်ပိုမိုတိုးတက်လာမှုက အဖေ့ထက်သား ခြေတစ်လှမ်းသာကြောင်း လက်တွေ့လုပ်ပြသွားတာဖြစ်သည်။

ယနေ့ M2 CEO ရဲ့ မင်္ဂလာပွဲက လူတိုင်းစိတ်ဝင်စားကြကာ သတင်းမီဒီယာတိုင်းတွင်း အပြိုင်အဆိုင် တင်ဆက်ကြသည်။ ကြော်ငြာဆိုင်းဘုတ်ရဲ့  နေရာတိုင်းတွင်လည်း M2 CEO ၏ wedding video များသာ ပြသထာသည်။ လှိုင်းပေါ်တွင်လည်း လူအများက ဘယ်လောက်လိုက်ဖက်ကြောင်း သတိုးသမီးကလည်း ဘယ်လောက်လှကြောင်း အမျိုးမျိုး‌သောချီးကျူးသုံးသပ်ချက်များစွာကိုရေးထားသည်။

M2 ကုမ္ပဏီတွင် CEOကိုယ်တိုင်  မနက်ပိုင်း မင်္ဂလာပွဲပြီးတော့ ရုံးလာအလုပ် လာလုပ်တာကြောင့် ဝန်ထမ်းများက ညည်းညူကြသည်။  ကိုယ့်သူဠေးရဲ့ မင်ဂလာဆောင်ကို ပျော်ချင်ပါသေးသည်။  အလုပ်သရဲ သူဠေးက ကိုယ့်ပွဲကိုယ်တောင် အပြည့်အဝမပျော်တာတော့ မဖြစ်သင့် တစ်သက်မှတစ်ခါလုပ်ရသည့် ပွဲဆိုတော့ စိတ်လွတ်လက်လွတ် ပျော်စေခြင်ပါသည်။

You've reached the end of published parts.

⏰ Last updated: Feb 04 ⏰

Add this story to your Library to get notified about new parts!

Death's Beloved Where stories live. Discover now