Death's beloved /1

50 2 0
                                    

ဧကပေါင်းများစွာကျယ်ဝန်းတဲ့ ခြံဝင်ထဲတွင် အဖြူရောင်ဇာပါးလွှာများနဲ့ မင်္ဂလာ အခမ်းအနားပြုလုပ်ထားပုံက ခမ်းနားထည့်ဝါမှု အပြည့် ။ တက်ရောက်လာကြ‌သော လူများစုမှာ မျိုးရိုးမြင့်လူတန်းစားနဲ့ နိုင်ငံရေးသမားများ၊ စီပွားရေး သမားများပင်။ မီဒီယာသမားများကလည်း အကန့် အသတ် ဖြင့်သာဝင်ရောက်ခွင့်ရှိသည်။

အခမ်းအနားပြုလုပ်သည့် နေရာနှင့် မနီးမဝေး အိမ်ထဲတွင့်တော့ အပြင်ဘက်နှင့် ဆန့်ကျင်စွာ မုန်တိုင်း များတိုက်ခတ်နေလျက်။ ထိုချိန်မှာပင် ခက်ထန်မှု အပြည့်ဖြင့် မာန်ပါပါအသံ ပေါ်ထွက်လာသည်။

" ဘယ်မလဲ ကျုပ်လက်ထပ်ရမယ့်သတိုးသမီးက

ခုထိရောက်မလာသေးဘူးလား "

ထိုအသံကြောင့် ဦးသွင်ရောင် ချွေးစေးပြန်နေပြီပွဲရက်ကြမှ သူ့သမီးက လုပ်ချသွားတာ သူထက်အသက်ကြီးတဲ့ သက်ကြားအိုကို လက်မထပ်နိုင်ဘူး တဲ့လေ

" အန်ကယ်တောင်းပန်ပါတယ် မောင်မရဏရယ်

မြူနှင်းကို အန်ကယ် သေချာကြပ်မတ်ထားတာပါ"

သူဘယ်လိုရှင်းပြရမလည်းတောင် မသိတော့ဘူး သူရှေ့က လူက သူထင်ထားတာထက်တောင် ငယ်နေတာ ဒါကို သူ့သမီးကဘယ်ကကြားလာမှန်းမသိတဲ့ သက်ကြားအိုတဲ့လေ။ သူချစ်တဲ့ အမျိုးသမီးနဲ့ ရထားတဲ့ သမီးလေးမို့ အလိုလိုက်ပီး ဖူးဖူးမှုတ်ထားတဲ့ အကျိုးဆက်က သူမျက်နှာအိုးမည်းသုပ် သွားတာ။

" ဒါဆို သူကခုဘယ်မှာလည်း "

" ဟို ...ဟို...."

" ကျုပ်ကုန်ကျထားတာ အလကားမဖြစ်ချင်ဘူး

ဦးသွင်ရောင် အဲ့အတွက် ခများ တစ်ခုခုတော့ပြန်လုပ်ပေးဖို့‌တော့ လိုလိမ့်မယ် "

" ဟို အန်ကယ့်မှာ သားတစ်ယောက်ရှိပါသေးတယ် မောင်မရဏ စိတ်ထဲမထားရင်း အန်ကယ့်သား "

" အို အဲ့တော့ ကျုပ်က ခများကသမီးအစား သားနဲ့လက်ထပ် ပေးမယ်ပေါ့ "

" ဟုတ်ပါတယ် မောင်ရင်လက်ခံမှပါ "

" ကျုပ်သူ့ကိုအရင် တွေ့ချင်တယ် "

Death's Beloved Where stories live. Discover now