ရန်ကုန်ရောက်မှပိတ်ထားသည့်ဖုန်းကိုဖွင့်သည့်အခါ နိုဝယ့်ဆီမှ miss call ပေါင်းများစွာ။ ဆက်ပိုင်ကိုဖုန်းတောက်လျောက်ဆက်နေတုန်းက ဆက်ပိုင်၏ဖုန်းကိုပါပိတ်ခိုင်းထားခဲ့သည်။ အချိန်အတိုင်းအတာတစ်ခုထိတော့ သူအနားယူချင်မိသည်။ လူပင်ပန်းသည်ထက် စိတ်ပင်ပန်းသည်ကိုသူမခံနိုင်တာ ပထမတစ်ကြိမ်ကထဲကသိခဲ့ရသည်။ ဒဏ္ဏာရီဆိုတဲ့မိန်းမက သူ့ကိုယ်သူအထင်ကြီးနေခဲ့မိတာ နိုဝယ်ဆိုတဲ့မိန်းခလေးနဲ့မတွေ့ခင်အထိ။ ဒါပေမဲ့အခုတော့ ကိုယ်တိုင်တောင်မကာကွယ်နိုင်တဲ့ မိန်းမဖြစ်နေခဲ့ရသည်တဲ့လေ။ သူဆုံးဖြတ်ခဲ့တဲ့အချက်တစ်ချက်ကတော့ သူ့ကိုယ်သူကာကွယ်နိုင်လောက်သည်အထိတော့ ပညာတစ်ခုတက်မြောက်ထားဖို့လိုအပ်နေပြီဆိုတာ။ ဒါကြောင့် ကိုယ်ပိုင် လေ့ကျင့်သင်ပြပေးသူခေါ်ကာ ကိုယ်ခံပညာသင်ရန်ဆုံးဖြတ်ခဲ့သည်။ အနည်းဆုံးတော့ သူ့ကိုယ်သူကာကွယ်နိုင်ရမည်။ နောက်ပြီး သူနဲ့ပတ်သက်သည့်သူများကိုကာကွယ်နိုင်စေရန်အလို့ငှာ။

ပုံမှန်အချိန်ဇယားများ၌ မနတ်ပိုင်း gyn သွားသည့် ၂နာရီနှင့် ညနေပိုင်းရုံးပြန်ချိန် ကိုယ်ခံပညာသင်ကြားရန် ၂ နာရီသည်သူ့ရဲ့အချိန်စာရင်းထဲသို့တိုးလာခဲ့ပါသည်။

သူ့ရုံးခန်းထဲ၌ ရန်ကုန်မှာမရှိခဲ့ရသည့်အတောအတွင်းက လက်မှတ်ထိုးရမည့်စာရွက်စာတမ်းများနှင့် အပြီးသက်စစ်ဆေးရမည့် လုပ်ငန်းပရောဂျက်များ စစ်ဆေးရမည့်စာရွက်စာတမ်းများကို တောက်လျောက်ထိုင်လုပ်နေမိသည်။ ဇာက်ကြောများတက်လာ၍ ခုံမှာထိုင်နေရာက ထကာ ရန်ကုန်မြို့ မြို့ပြမြင်ကွင်းကိုမြင်ရသည့်သူ၏ရုံးခန်းမှန်ပြတင်းမှနေ မတ်တပ်ရပ်ကာကြည့်နေမိသည်။ ထို့နောက် ဝတ်ထားသည့် စတိုင်ပန်ဘောင်းဘီအိတ်ကပ်အတွင်းမှ စီးကရက်ဘူးလေးအားထုတ်ကာ စီးကရက်သောက်နေမိသည်။ မနေ့တနေ့ကထိဆေးလိပ်မသောက်တက်တဲ့သူက အခုချိန်မှာတော့ တစ်နေ့ကို သုံးလိပ်လောက်တော့သောက်မိနေသည်။ ဒါကို နိုဝယ်သိရင်ဘယ်လိုပြောလာအုန်းမလဲသိချင်မိပါသေးသည်။

အလုပ်ပြီးလို့သင်တန်းကအပြန် ကွန်ဒိုကိုပြန်ခဲ့လေသည်။ သူ့အခန်းကိုအရင်ဆုံးမသွားပါပဲ နိုဝယ့်အခန်းဆီကိုသာဦးစွာလာခဲ့လေသည်။ နိုဝယ်ပြောပြထားသည့် key wordများရိုက်နိုပ်ကာ အခန်းတံခါးဖွင့်လိုက်သည့်အခါ ပထမဆုံးမြင်လိုက်ရသည်က သူ့အားကျောပေးထားသည့်ကျောပြင်တစ်ခု။ သေချာစွာပြောရလျှင် သူပြေးဖတ်တွယ်ချင်မိသည့် ကျောပြင်တစ်ခု။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now