" ဘာလို့နမ်းတာလဲ... "

" ကလေးကိုပဲကြည့်မနေပါနဲ့ဦး၊မောင့်ကိုလည်း
ကြည့်ပါဦးလား၊မောင်က အခုဘေးနားရှိနေတာ "

ထယ်ယောင်းက ကားကိုပြန်မောင်းရင်းကူးလေး
ဘက်လှည့်လိုက်ဖြင့်ပြောနေသည်။ကူးလေးက
ထယ်ယောင်းရဲ့ကလေးဆန်သည့်စကားကြောင့်
ခပ်ယေးယေးပြုံလိုက်သည်။အရမ်းကြီးထင်ပေါ်
အောင်ပြုံးမနေဘဲ မမြင်သာတာမျိုး။

" ဘာပြောမို့လို့ အတင်းကိုကြည့်နေရတာလဲ၊
အခုမှကြည့်မိတယ် ဒါငါ့အိမ်သွားတဲ့လမ်းမဟုတ်
ဘူး ကင်မ်ထယ်ယောင်း .. "

ကူးလေးက ထယ်ယောင်းကိုစကားပြောရင်းမှ
အပြင်ဘက်ကိုကြည့်တော့ ကူးလေးအိမ်ပြန်သည့်
နေရာမဟုတ်ကြောင်းသတိထားမိသည်။ဒါကြောင့်
ထယ်ယောင်းကိုလှမ်းပြောလိုက်သည်။

" မောင်သိတယ်၊မောင့်အိမ်ကိုခေါ်သွားနေတာ၊
မောင်တို့အကြောင်းပြောပြပြီး လက်ထပ်ဖို့လေ "

ထယ်ယောင်းက ကားဆက်မောင်းရင်းကူးလေးကို
ခပ်အေးအေးပြောလိုက်တော့ ကူးလေးမှာမျက်ဝန်းလေးတွေဝိုင်းလို့ အံ့ဩနေသေးသည်။

" ကင်မ်ထယ်ယောင်း!ဒီကလေးက မင်းနဲ့လည်း
သက်ဆိုင်တယ်ဆိုပေမဲ့ ငါလည်းသက်ဆိုင်တယ်၊
ဒါပေမဲ့ငါမင်းကို စဉ်းစားဦးမယ်လို့ပြောထားတယ်
မလား၊ဘာလို့ဒီလိုတဇွတ်ထိုးလုပ်ရတာလဲ "

ကူးလေးက မျက်စောင်းထိုးကာဘေးဘက်က
ကားမှန်ဘက်ကိုမျက်နှာလှည့်ရင်းပြောတော့
ထယ်ယောင်းလည်း သက်ပြင်းရှည်ချရင်း...

" ကိုကိုအလှလေးက စဉ်းစားမယ်ပြောပေမဲ့
မောင့်ဘက်ကမသေချာမှာဆိုးလို့ လူကြီးတွေနဲ့
ပေးတွေ့ထားတာ၊တစ်ခါထည်းစီစဉ်ပြီးရင်
ကိုကိုအလှလေးရဲ့အမေလည်း လက်ခံမှာ "

ထယ်ယောင်းစကားနောက် ကူးလေးကကလေးရှိ
နေသည့်ဗိုက်ကိုကိုင်မိသွားသည်။ထယ်ယောင်း
ပြောမှသတိထားမိသည်။မေမေကရောကူးမှာ
ဒီလိုဖြစ်နေတာသိရင် လက်ခံပါမလား။မေမေက
ကိုယ့်ကိုမွေးထားတဲ့အမေဆိုပေမဲ့ ဒါအတွက်ကို
မေမေကသိရင် ကူးကိုတစ်မျိုးထင်သွားမလား။

Between The Hate [ Completed ]Όπου ζουν οι ιστορίες. Ανακάλυψε τώρα