ထိုသို့ပြောမှပဲ ထိုလူရဲ့မျက်နှာပေါ်မှအရယ်အပြုံးပျောက်သွားပြီး သူ့မျက်နှာပေါ်မှာခပ်ထန်မှုတွေအုပ်မိုးသွားလေတယ်။ ပြောပါတယ် ဒီလူက သိုးရေခြုံထားတဲ့ဝံပုလွေဆိုတာ။

"အဲ့တာဆိုလဲ နေရောင်သွေးဘာကောင်လဲဆိုတာသိပြီးသွားရင် ဏရီ့အနားကနေမင်းထွက်သွားလိုက်ပါ မင်းဘက်ကရှေ့ဆက်တိုးနေရင် ထိခိုက်မှာမင်းပဲနော်"

"သေချာရဲ့လား ကိုနေရောင်သွေး ကျွန်မကိုထိခိုက်အောင်လုပ်နိုင်မယ်ဆိုတာ ကျွန်မကတော့ရှေ့ဆက်တိုးနေမှာပဲ ကျွန်မထိခိုက်လဲဂရုကိုမစိုက်တာရှင်ရယ် ဂရုမစိုက်လို့တောင် ရှင့်ပိုင်နက်ထဲကိုတစ်ယောက်ထဲလာရဲတာပေါ့ အဟင်းဟင်း"

"ဏရီ့ကိုဘာတွေနဲ့မင်းဆွဲဆောင်ထားလဲမသိပေမဲ့ နောက်ဆုံးဏရီက ငါဆိုတဲ့ကောင်ကိုရွေးချယ်သွားတာပဲလေ မင်းဘယ်လိုပဲဝင်ဖြတ်နေပါစေ အခုဆို ဏရီကိုငါပိုင်ရတော့မှာမင်းအမြင်ပဲလေ"

"ဒါဆိုကျွန်မဘက်ကရှည်ရှည်ဝေးဝေးပြောစရာမလိုတော့ဘူးပဲ ရော့ဒီဖိုင်ကိုတစ်ချက်ကြည့်ကြည့်ပါအုန်း ဘာတွေလဲဆိုတာ"

စားပွဲပေါ်သို့သူယူလာတဲ့ ဖိုင်တစ်ဖိုင်ကိုပစ်တင်ပေးလိုက်ပါသည်။ နေရောင်သွေးကဘာတွေလဲဟူသောအကြည့်နှင့်ထိုစာရွက်စာတမ်းများကိုဖွင့်ကြည့်ပြီးနောက် ချက်ချင်းဆိုသလို သူ့အားမယုံသလိုကြည့်လာခဲ့ပြီး ဒေါသကိုထိန်းချုပ်ထားရတယ်ထင်ပါရဲ့ နားထင်ကြောတွေပါထင်းနေခဲ့ပြီးမျက်နှာကနီးမြန်းလာတာ။ လူတွေများမဟုတ်တာလုပ်ထားရင်ဒေါသသိပ်ကြီးတာကို။

"မင်းဒါတွေဘယ်ကရလာတာလဲ ငါတို့မိသားစုအကြောင်းကိုလိုက်စုံစမ်းထားတာလား မင်းကိုငါတော်တော်လျော့တွက်မိခဲ့တာပဲ"

"ဒါကတော့ ရှင်ထင်ချင်သလိုထင်ပါ ကျွန်မပြောချင်တာ ဏရီ့ကိုအေးအေးဆေးဆေးလွတ်ပေးလိုက်ပါ ဘာတစ်ခုမှမထိခိုက်စေပဲနဲ့ ဒါဆိုရှင်တို့လဲအရှက်တကွဲသိက္ခာကျမှာမဟုတ်တော့ဘူးလေ ရှင့်အဖေရဲ့နေရာမြဲချင်ရင်ရှင်စဥ်းစားပေါ့ရှင် အခုချိန်မှာရှင့်အဖေတို့လိုလူတွေခုံမပျောက်အောင်ထိန်းသိမ်းနေရတာမဟုတ်လား အော် ဒါတွေဖျောက်ဖျတ်ပစ်ရင်တောင် ကျွန်မမှာနောက်ထပ်ရှိသေးတယ်နော် ကဲဒါဆိုကျွန်မသွားပြီ ရှင်သေချာစဥ်းစားပေါ့ မိန်းမတစ်ယောက်အတွက်နဲ့ ရှင့်အဖေ ရှင့်မိသားစု ရှင်ကိုယ်တိုင် ထောင်ထမင်းစားပြီးသံတိုင်ကြားမနေချင်ရင်ပေါ့"

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now