အစ်ကိုကူးလေးက ထယ်ယောင်းအတွက်တော့
ကံကောင်းခြင်းပါသယ်လာပေးသလို ပျော်စရာ
မိသားစုဘဝလေးပါ ဖြစ်လာစေသည်။

" ဟိုဆော့ရာ ငါသိပ်ပျော်တာပဲကွာ၊အစကငါ့ကို
တကယ်လက်မထပ်တော့ဘူးလို့ ထင်ထားပေမဲ့
အခုတော့ငါ့ကို ငါ့အသက်လက်ထပ်မှာမလား၊
ငါတို့မျိုးစေ့လေးရောက်လာပြီဆိုတော့လေ "

ထယ်ယောင်းက ဝမ်းသာအားရစွာမျက်ရည်ကျ
ရင်းပြောတော့ ဟိုဆော့နဲ့အတူယောင်းဝူရော
ဆရာဝန်လေးပါမျက်ရည်ကျနေသည်။သူလည်း
ကြားထဲကနေ ဝမ်းသာခြင်းတစ်မျိုးပေါ့။

ယောက်ျားလေးချင်းဆိုသော်လည်း မထင်မှတ်ဘဲ
အတူနေခြင်းကနေ ရင်သွေးလေးတောင်ဖြစ်တည်
သွားတယ်ဆိုတော့ ထယ်ယောင်းအဖို့အရမ်းပျော်
နေသည်လေ။ဟိုဆော့တို့လည်း ပျော်လွန်းလို့
မျက်ရည်ကျမိသည်။

ထယ်ယောင်းတော့ တအားသည်းကဲလွန်းနေတော့မှာပဲ။ဒီတိုင်းတောင် ကိုကိုအလှလေး၊အသက်ဆိုပြီးမျိုးစုံ သည်းကဲနေတာ။အခုဆိုသည်းကဲစရာ
'ဒယ်ဒီ'လို့ခေါ်မည့်ပေါက်စလေးကရောက်လာတော့ပိုသည်းကဲတော့မဲ့စကားတွေကြားရမည်။

" ဆရာ...ဆရာ့အပိုင်ရှိကဖုန်းလာနေတယ်... "

ထယ်ယောင်း သူ့ကိုကိုအလှလေးနားထိုင်ကာ
လက်ဖမိုးလေးတွေကို နွေးအောင်ဂရုစိုက်ရင်းမှ
ကူးလေးထံမှဖုန်းလာတော့ ယောင်းဝူကသတိထား
မိပြီးပြောလာကာ ထယ်ယောင်းဘက်ကိုဖုန်းကမ်း
ပေးတော့သည်။

ထယ်ယောင်းဖုန်းကိုယူကြည့်တော့ ခေါ်ဆိုသူက
သူ့အသက်၏ မိခင်ဖြစ်သည်။သည်တော့မှလည်း
ထယ်ယောင်းသတိရကာ အပြင်ဘက်ကိုကြည့်တော့အနည်းငယ် မှောင်စပြုနေပြီဖြစ်သည်။
ဒါကြောင့်မို့ဖုန်းဆက်တာဖြစ်ရမည်။

' သားကူးလေး...အိမ်မပြန်လာသေးဘူးလား '

ထယ်ယောင်းကဖုန်းကိုင်လိုက်ရော ကိုကို့ရဲ့အမေမှ
တစ်ဖက်ကနေ မေးလာသည်။အသံကလည်းတုန်
နေလို့ သူ့သားလေးကိုဘယ်လောက်စိတ်ပူနေလဲ
ဆိုတာသိသာပါသည်။

" အမေ သူအိပ်နေပါတယ်ခင်ဗျ "

ထယ်ယောင်းက အိပ်နေသည့်သူ့အသက်အစား
ဖြေလိုက်တော့ တစ်ဖက်ကအမေက အံ့အားသင့်
သွားသလိုဖြေလိုက်သည်။

Between The Hate [ Completed ]Unde poveștirile trăiesc. Descoperă acum