ဒေါက်တာမလေးကပြောရင်း သူမ၏မကုန်နိုင်
သေးတဲ့ပေါင်မုန့်ကိုဆက်စားနေသည်။ထယ်
ယောင်းမှာတော့ သူမပြောသည့်မျိုးပွားတာကို
ဆက်တွေးနေရင်းမှ ထယ်ယောင်းပြုံးမိ၏။

" မျိုးပွားဖို့ဖြစ်သွားတာဆိုတော့ မောင်တို့ရဲ့
မျိုးစေ့လေးပေါ့ "

ထယ်ယောင်းက သူ့ကိုကိုအလှလေးဘေးနားကို
သွားထိုင်ကာ လက်ဖွေးဖွေးလေးကိုဆုပ်ကိုင်ရင်း လက်ဖမိုးလေးကိုခပ်ဖွဖွနမ်းပြီးတော့ပြောလိုက်သည်။

" ဒယ်ဒီ့မျိုးစေ့လေး... "

ဒါကိုရေသောက်နေသည့် ဒေါက်တာမလေးက
ကလေးရဲ့နာမည်ကြောင့် ရယ်ချင်စိတ်ကများသွား
သလို ရေတွေတောင်သီးသွားသည်အထိ။

" ဖူး!!! ဘယ်လိုဘယ်လို!! "

ဒေါက်တာမကမေးတာတောင် မဖြေဘဲအိပ်နေ
သည့်ကူးလေးရဲ့အနားမှာ လက်ဖမိုးလေးကို
တဖွဖွနမ်းပြီး ကူးလေးရဲ့ဗိုက်ချပ်ချပ်ပေါ်မှာ
ခေါင်းလေးတင်ပြီး 'ဒယ်ဒီ့မျိုးစေ့လေး'ဆိုတာချည်းပဲထပ်နေတော့သည်။

ဟိုဆော့ကတော့ ဒေါက်တာမကိုအရိပ်အကဲပြရင်း
သတိပေးလိုက်တာမို့ ဒေါက်တာအွန်းဂျူကဆက်
မပြောတော့ဘဲ ငြိမ်သွားပြီးနားထောင်တော့သည်။

" ဟိုဆော့ ငါမင်းတို့ပြောတာမယုံတာမဟုတ်ပေမဲ့
ကိုကိုအလှလေးနိုးလာရင် သေချာစစ်ကြည့်ပေးပါ၊ပြီးတော့ငါ့မျိုးစေ့လေးက တကယ်ရှိနေရင်
မင်းက လိုအပ်တာတွေပြောပေးပါ၊ငါ့အသက်
အားနည်းနေတယ်... "

ထယ်ယောင်းက အားနည်းနေသည့်သူ့အသက်ကို
ကြည့်ကာဆံပင်ရှည်လေးတွေကို သပ်တင်ပေးပြီး
နမ်းကာ ဟိုဆော့ကိုလည်း ကိုယ်ဝန်ရှိနေသည့်
သူ့အသက်အတွက်ဂရုစိုက်ရန်တွေမေးနေသည်။

ဟိုဆော့ကတော့ပြုံးရင်း ထယ်ယောင်းအနားကို
လျှောက်လာကာ ပုခုံးပေါ်လက်တင်လိုက်ရင်း
ပြုံးနေကာပြောသည်။

" အင်းပါ ငါတို့သေချာ Medical Checkပေးပါ့
မယ်၊မင်းသာဘာဆက်လုပ်မလဲစဉ်းစားတော့ "

ဟိုဆော့လည်းအပြုံးတို့ပိုတိုးရင်း သူတို့သူငယ်ချင်း၏ Caseအဆင်ပြေသွားတဲ့အတွက် ဝမ်းသာတာမို့ရော ပြီးတော့လည်းထပ်ဆင်အနေနဲ့
ရာထူးပါတိုးသွားပြီး သူတို့ဆိုဦးလေးတွေတောင်
ဖြစ်တော့မည်အထိ။

Between The Hate [ Completed ]Where stories live. Discover now