အပိုင် - 6(U/Z)

Start from the beginning
                                    

သူဦးဦးကို လှည့်ကြည့်လိုက်တော့ ဦးဦးက သူ့ကို ပြုံးပြုံးကြီးဖြင့်ကြည့်နေပြီး သူ့အတွေးတွေကို သိနေသည့်အလား

"ကလေးလေး အခန်းမှားဝင်နေတာလေ မသိဘူးလား"

"အဲ ဟဲဟဲ သားအိပ်ချင်မူးတူးနဲ့မို့ မှားဝင်မိတာမသိလိုက်ဘူး"

ရှောင်ကျန့်မျက်နာချိုလေးသွေးပြီး ပြောလိုက်တော့ ဦးဦးက ရယ်ကာ သူသိပါတယ်ဟူသောပုံစံဖြင့်ခေါင်းတငြိမ့်ငြိမ့်လုပ်နေလေသည်။

ရှောင်ကျန့်လဲ အင်္ကျီဝတ်ပြီးသည်နှင့် အခန်းထဲမှထွက်ရန်ပြင်လိုက်သည်။ အဝတ်တောင်းထဲမှ သူ့အဝတ်တို့နှင့် အခန်းထောင့်နားရှိဖိနပ်ကိုယူလိုက်ပြီး အခန်းအပေါက်သို့ဦးတည်လိုက်သည်။

"အဲ့တာ ဘယ်သွားဖို့လုပ်နေတာလဲ"

"ဗျာ! ဟို... သားအခန်းပြန်မလို့"

သူပြောလိုက်တော့ ဦးဦးကမျက်မှောင်ကျုတ်သွားပြီး အိပ်ယာပေါ်မှထကာ သူ့အနားသို့လျှောက်လာလေသည်။

"မပြန်နဲ့ ဦးဦးအခန်းမှာအိပ်လို့ရတယ် အပြင်မှာမှောင်နေပြီ"

သူ့လက်ထဲမှ အဝတ်တွေဖိနပ်တွေကိုဆွဲယူသွားပြီး နဂိုအတိုင်းပဲပြန်ထားကာ အိပ်ယာပေါ်ပြန်လှဲနေပြီး တံခါးပေါက်နားရပ်နေသည့်သူ့ကို လက်ယက်ခေါ်ကာ

"လာခဲ့...အိပ်ဖို့..."

သူလဲ အိပ်ယာတစ်ဖက်ကိုသွားလိုက်ပြီး ဦးဦးဘေးနားကပ်လှဲးလိုက်သည်။ ဘေးနားမှာ ဦးဦးရှိနေတာကြောင့် အမှန်းတိုင်းဆိုရလျှင် နေရတာသက်တောင့်သက်သာမရှိနေပါ။ ဦးဦးသူ့ကြောင့်အနှောင့်အယှက်ဖြစ်သွားမည်ဆိုး၍ နည်းနည်းလေးတောင်မလှုပ်ရဲပဲ အသက်ကိုတောင်သာမာန်ထက်က်တိုးတိုးလေးရှူနေရသည။ ဘာကြောင့်မှန်းမသိ ဦးဦးရှိနေတော့အနည်းငယ်ရှိန်းတိန်းဖိန်းတိန်းဖြစ်နေသည်။

ဦးဦးကိုကြည့်လိုက်တော့ လက်နှစ်ဖက်အားခေါင်းပြုပြီး မျက်နှာကြပ်ကိုစိုက်ကြည့်နေပုံမှာ အရင်လိုမဟုတ်ပဲပုံမှန်ထက်တင်းမားနေသည်။ ဒါကြောင့်ပင် သူပိုလို့ငြိမ်သက်နေရသည်။ ဦးဦးရဲ့ ဒီလိုပုံစံကို သူကြောက်သည်။

♡︎ဉီးဉီး နဲ့ ကလေးလေး♡︎ Where stories live. Discover now