"နေလို့မကောင်းဘူးမဟုတ်လား ဂျင်ရဲ့ ..ဆရာဝန်ခေါ်မှရမှာလေနော်...."

"မခေါ်ဘူး...အဲဒါမင်းကြောင့်ဖြစ်တာ"

"အင်း မောင့်ကြောင့်ဖြစ်တာ မောင် တောင်းပန်တယ်နော်"

"ဒါပေမဲ့ မောင်ကဆေးမကုတတ်ဘူးလေနော် အဲဒါကြောင့်......"

"ဆေးပဲသောက်မယ် ဆရာဝန်မခေါ်နဲ့"

"ဆေးသောက်ရုံနဲ့ မဖြစ်ဘူးလေ ဂျင်ရဲ့ ပါးလေးတွေနားလေးတွေ ဒီလောက်ရဲနေတာကို မောင် စိတ်ပူတယ်"

"ဆေးပဲသောက်မှာပါဆို!..."

"ဆရာဝန်မခေါ်နဲ့...ပါး ပါးတွေရဲတာ ရှက်နေလို့...."

"ဟမ် မောင့်ကိုရှက်နေတာ?"

"အခန်းပြင်ထွက်တော့ သွား.....မဟုတ်ရင် ငါဆေးလည်းမသောက်ဘူးနော်"

မျက်နှာလေးက နီရဲနေကာ နှုတ်ခမ်းလေးစူပြီး ပြောနေတော့ ဂျောင်ကုအခန်းပြင်ထွက်လာခဲ့ရတော့သည်။
သူနိုးနိုးချင်းဘေးကိုကြည့်လိုက်တော့ ဂျင်က နိုးနှင့်နေပြီ သူနိုးပြီလားမေးတော့ပြန်မဖြေဘဲ ငြိမ်နေသည်။ သူနဖူးလေးစမ်းကြည့်လိုက်တော့ အပူငွေ့နွေးနွေးလေးရှိနေ၍ သူစိတ်ပူသွားရသည် သူခြေမကိုင်မိလက်မကိုင်မိဖြစ်နေပေမယ့် "ဂျင်"က ဘာမှလည်းမပြော ဘာမှလည်းပြန်မဖြေ သူဆရာဝန်ခေါ်မယ်ပြောမှ အသံသေးသေးလေးထွက်လာပြီး မခေါ်ဖို့ငြင်းလာသည် ။ဆရာဝန်မခေါ်လို့တော့မဖြစ် သူလည်းဘာမှမလုပ်တတ်တာမလို့ အဖျားပိုဆိုးလာမှဖြင့် သူစိတ်ပူရသည် ။အဆိုးလေးက ဆရာဝန်မခေါ်ဖို့အတင်းငြင်းနေပြီး မျက်နှာလေးရဲနေတာ ရှက်လို့ပါတဲ့လေ ၊ရှက်လို့ရဲနေတယ်ဆိုပေမယ့် အဖျားငွေ့လေးကရှိနေတာပဲလေ ဆရာဝန်ခေါ်လို့မရတဲ့အဆုံး သူမိသားစုဆရာဝန်ဖြစ်တဲ့အကိုဆီ ဖုန်းလှမ်းဆက်လိုက်ပြီး အကြိုးအကြောင်းပြောပြကာ လိုအပ်တဲ့ဆေးဝါးတွေ မေးပြီးမှတ်ထားလိုက်တော့သည်။

~~~~~~~~~~<><><><><>~~~~~~~~~~~~~

ဂျောင်ကု လိုအပ်တဲ့ဆေးတွေ လှမ်းမှာယူလိုက်ကာ deliနဲ့ပို့ခိုင်းလိုက်ပြီး သူကတော့ ဂျင့်အတွက် ခရုဆန်ပြုတ်လေးပြုတ်နေတော့သည်။ ဆေးထုပ်လည်းရောက်လာပြီး ဆန်ပြုတ်လည်းကျက်တော့ သူအခန်းထဲယူလာလိုက်သည်။ဂျင့်ကိုကြည့်လိုက်တော့ ဂျင်က သူအခန်းထဲက ထွက်လာတုန်းကအတိုင်းလေးပဲရှိနေသည် သူ ဆန်ပြုတ်ပန်းကန်လေးနဲ့ ဆေးထုပ်ကို စားပွဲပေါ်တင်လိုက်ပြီး.....

BUNCH {စည်း}Complete ✔️Where stories live. Discover now