Bruises under the surface

Start from the beginning
                                    

ဒီဒဏ်ရာတွေရဲ့ နာကျင်မှုကို မေ့ပစ်လိုက်မိမှာလည်း သူစိုးရိမ်နေမိပြန်တယ်

ဂျွန်ဟီးကို ဖက်ထားရင်းကနေတောင် ဘက်ခဟျွန်းရဲ့ဘေးအနားမှာ နေရတဲ့ အနွေးဓာတ်ကို တောင့်တမိတဲ့အထိ သူအမှိုက်တစ်ခုလို ဖြစ်နေမိပြီ

သူတို့ဇာတ်လမ်းဟာ ပြီးသွားခဲ့ပြီဆိုတာကို ကိုယ့်ကိုကိုယ် သတိပေးရတိုင်း နာကျင်ရ

သူတို့ တကယ် ဝေးခဲ့ကြပြီဆိုတာကို သတိရမိလိုက်တဲ့ စက္ကန့်တိုင်း သူ့နှလုံးသားဟာ ဗလာကျင်းနေတဲ့ အခေါင်းပေါက်တစ်ခုလို လစ်ဟာသွားရတာကိုလည်း သူမသိကျိုးကျွန်ပြုနေရတယ်

ဘက်ခဟျွန်းမရှိတဲ့ ဆိုလ်းကို

ဘက်ခဟျွန်းရဲ့ အငွေ့အသက်တို့ မရှိတဲ့ နေရာကို ပြန်သွားလိုက်ရင် သူအဆင်ပြေသွားမှာပါလို့ တွေးခဲ့မိတာ

လွန်ခဲ့တဲ့ နှစ်​တွေက​​​တောင် ကြိုးစားပြီး​နေနိုင်ခဲ့​သေးတာပဲ သူ့ကိုယ်သူ အဲ့လို ယုံကြည်မိခဲ့တာ

အခုတော့ မျက်လုံးမှိတ်လိုက်ရင်တောင်

နာကြင်ကြေကွဲနေတဲ့ ဘက်ခဟျွန်းရဲ့ မျက်ဝန်းတွေ

မြို့ငယ်လေးရဲ့ လမ်းတို့ထက်မှာ အတူရယ်မောခဲ့ဖူးတဲ့နေ့ရက်တွေ

သူ့ကို နုနုညံ့ညံ့ကြည့်ပြီး “ ငါတိုချန်းယောလ်လီက ချစ်ဖို့အကောင်းဆုံးလို့” ရေရွတ်ပြီး အနမ်းဖွဖွပေးခဲ့တာတွေ

အိမ်နဲ့ပြသာနာတက်တိုင်း ဘက်ခဟျွန်းပုခုံးသေးလေးလေးဟာ ကမ္ဘာကြီးတစ်ခုစာ​လောက် သူ့အတွက်မှီခိုရာ ဖြစ်ခဲ့တဲ့ နေ့ရက်တွေ

“ဒီလောကကြီးမှာ မောင့်ကို ငါအချစ်ဆုံးပဲ
သိလားလို့” ရှားရှားပါးပါး စိတ်လိုလက်ရ ချွဲလာတိုင်း သူအချိန်တွေကို ရပ်တန့်မိချင်လောက်တဲ့အထိ မြတ်နိုးခဲ့ရတဲ့ အတိတ်ကနေ့တွေ

အဲ့ဒီလိုနေ့တွေကနေ

“မင်း ထွက်သွားလည်း ငါဂရုမစိုက်ဘူး” လို့ ရက်ရက်စက်စက် ပြောခဲ့တဲ့ နေ့တွေအထိ သူ့အတွေးထဲဝင်ရောက်လာတာကို တားဖို့ ကူကယ်ရာမဲ့နေခဲ့တယ်...

ဘက်ခဟျွန်းရော..

ချန်းယောလ်ဟာ အိပ်ရာထဲက ဝုန်းခနဲထကာ သူမှတ်မိနေတဲ့ ဖုန်းနံပတ်တစ်ခုကို နှိပ်လိုက်တယ်

အဲ့ဒီအိမ်ဖုန်းနံပါတ်ကို ဘက်ခဟျွန်း ခုထိ သုံးနေသေးလား သူမစဉ်းစားနိုင်

“တီ...တီ...တီ...တီ...တီ

ဟယ်လို ဘက်ခဟျွန်းပါ..အဆင်ပြေနေတယ်မဟုတ်လား.. ခရီးထွက်နေတဲ့အတွက် ပြောစရာရှိရင် ပြောခဲ့နော်...ပြန်ဆက်သွယ်လိုက်ပါ့မယ်

ပီဆိုတဲ့ အသံကြားရင် ...အသံမက်ဆေ့ချန်ထားနိုင်ပါပြီ”

ဟင့်အင်း အဆင်မပြေဘူး ဘက်ခဟျွန်းနား

ချန်းယောလ်ဟာ ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ရှိုက်ကြီးတစ်ငင် ငိုကြွေးနေမိတယ်...

အခုလို ညလယ်ခေါင်မှာ ရုတ်တရက်ထိုင်ပြီး ငိုနေမိတဲ့ ရက်တွေကို သူ့ကိုယ်သူ ဘယ်လိုကုစားရမလဲ မသိနိုင်တော့တဲ့အထိပဲ

အချစ်​ရေ ​မောင် မင်းကို တကယ်ဆုံးရှုံးလိုက်ရပြီ...

BittersweetWhere stories live. Discover now