"ဟင် ဏရီဘယ်လို.."
ဏရိသိမည်ဆိုး၍ အနံ့ပါသည့် ဆေးလိပ်တောင်သူမသောက်တာ။ ဒါကိုဏရီမည်သို့သိသွားရသနည်း။ မဟုတ်မှ သူ့ဘီဒိုထဲကဟာများတွေ့သွားတာလား။ ဏရီ့ကိုကြည့်တော့လဲ ရီစစနယ်။
"အံသြမနေပါနဲ့ နိုဝယ်ရဲ့ တို့သိပါတယ် မင်းစိတ်ညစ်ရင်ဆေးလိပ်သောက်တက်တာ မင်းအဝတ်အစားတွေကအနံ့ကိုရေမွှေးနဲ့ဖုံးနိုင်ပေမဲ့ မင်းတို့ကိုနမ်းရင်ရနေကျမင်းကိုယ်သင်းနဲ့အစား မရင်းနီးတဲ့အနံ့အသက်တွေရနေမိလို့ပါ အစကတော့ စိတ်ထင်တာနေမှာပါလို့တွေးထားပေမဲ့ အခုတော့ပိုသေချာသွားတာပေါ့ တို့စိတ်ထင်တာပြောလိုက်ပေမဲ့ အဟင်း တို့ကောင်မလေးက ဆေးလိပ်လဲသောက်တက်တာပဲလား"
"ဟို တစ်ခါတစ်လေ စိတ်ညစ်မှသောက်တာပါ ဏရီရဲ့ ကျွန်မဆေးလိပ်သောက်လို့ စိတ်တော့မဆိုးပါဘူးနော်"
ဏရီမှသူ့အား သူ့အားတင်းကြပ်စွာဖတ်ထားလိုက်ပြီးနောက် သူ့ပုခုံးပေါ်မေးတင်ကာရီနေခဲ့ပြန်သည်။
"တို့စိတ်ဆိုးရင်ကော နိုဝယ်ကဘယ်လိုချော့မှာလဲ"
"အဟင်း အဲ့အခါကျ ဟောဒီလိုအနမ်းခြွေပြီးချော့မှာပေါ့ဏရီရဲ့"
ပြောပြီးချင်း ဏရီ့နှုတ်ခမ်းပါးနှင့် သူ့နှုတ်ခမ်းဖျားကိုမိတ်ဆက်လိုက်ပြီးနောက် အချိန်ကြာရှည်သောအနမ်းတစ်ပွင့်ကိုဖန်တီးနေခဲ့ပါသည်။ သူတို့ရှိနေသည်ကား ကွန်ဒိုအရှေ့ဝရံတာဖြစ်နေ၍ ဓာက်ပုံဖမ်းယူနေသည့်သူအတွက်တော့ထိုမြင်ကွင်းကရှင်းလင်းစွာဖမ်းယူနိုင်သည့်အနေအထားတစ်ခုပင်ဖြစ်လေသည်။
"ဏရီ ကျွန်မတို့ ရှင့်စေ့စပ်ပွဲမတိုင်ခင် ခရီးတိုလေးတစ်ခုထွက်ကျမလား staycation ဖြစ်ဖြစ်လေ"
"နိုဝယ်ကဘယ်သွားချင်လို့လဲ သွားချင်တဲ့နေရာရှိလို့လား တို့ကိုပြောလေ"
"အဲ့လိုလဲမဟုတ်ပါဘူး စေ့စပ်ပွဲလုပ်ပြီးရင် နိုဝယ်တို့နှစ်ယောက်ကဘယ်လိုဆက်ဖြစ်မလဲမရေရာဘူးလေ အဲ့တာကြောင့် အတူတူရှိနေတဲ့အချိန်လေး ခဏပဲဖြစ်ဖြစ်အမှတ်တရတွေပိုလုပ်ထားချင်မိလို့ပါ ဏရီအဆင်မပြေဘူးဆိုလဲရပါတယ် ကျွန်မကဒီတိုင်း ဏရီနဲ့အမှတ်တရလေးတစ်ခုဖြစ်ဖြစ်လုပ်ချင်မိလို့ပါ"
YOU ARE READING
ဒဏ္ဏာရီ - θρύλος (completed-9)
Romanceတစ်ခါတစ်လေကျတော့လဲ ဆန်းကြယ်တဲ့ ဒဏ္ဏာရီ ထဲကို ခုန်ဆင်းချင်မိပါရဲ့။