" သားငယ်လေး...မေမေ့သားလေးဘာဖြစ်တာလဲ၊
ဟယ်...မူးလာတာပဲကွယ်... "

နမ်ဂျွန်ကူတွဲထားရသည့် ထယ်ယောင်းရှိသို့
မေမေကရောက်လာပြီး သူ့သားလေးရဲ့မျက်နှာ
လေးကိုကိုင်ကာ မေးလေသည်။ထယ်ယောင်းက
မူးနေတာမို့ ရီဝေနေသည့်မျက်နှာထားဖြင့်ကြည့်လို့
ဖြေလေသည်။

" ကျွန်တော်ကလိမ္မာတာကို မေမေ့သမက်လေးက
မချစ်လို့တဲ့လေ၊မေမေရယ် မေမေ့သမက်လေးက
တအားဆိုးတာ၊သားကိုမုန်းတယ်တဲ့...အင့်.. "

" သားရယ်... "

ထယ်ယောင်းစကားကြောင့် နမ်ဂျွန်ရောမေမေရော
စိတ်မကောင်းဖြစ်ရသည်။လီယမ်နဲ့သူ့အဒေါ်က
ကြားရလို့ မျက်နှာပျက်သွားတော့သည်။

အစောထည်းက လီယမ်ကအကုန်လုံးစုံစမ်းထားလို့ ကင်မ်ထယ်ယောင်းအဒေါ်ကသိသွားတာဖြစ်
သည်။သိသွားတော့လည်း မနေ့ကပါတီမှာဆေး
ခတ်လိုက်သည်ကို အဒေါ်ကိုပြောပြပြီးသူတို့အတူ
ဖြစ်သွားခဲ့ကြဖို့ လုပ်ခဲ့ကြတာ။အခုတော့ အစ်ကို
ထယ့်ကို ဟိုတစ်ယောက်ကငြင်းလိုက်ပြီထင်ပါ့။
အင်းပေါ့။ဟိုတစ်ယောက်က မင်ဂယူနဲ့ဖြစ်သွား
တာကို။

" ကင်မ်ထယ်ယောင်း!မင်းဘယ်လိုဖြစ်လာတာလဲ၊
မင်းအဖိုးအိပ်နေပြီဆိုတာ နားလည်ရဲ့လား "

ထယ်ယောင်းကိုနမ်ဂျွန်ကူတွဲထားရင်းမှ အခန်းထဲကထွက်လာသည့် ဒယ်ဒီကသူ့သားအဖြစ်ကိုကြည့်
လို့ အော်လေသည်။ထယ်ယောင်းကတော့ သူ့ဒယ်ဒီကိုကြည့်ကာ ရယ်လိုက်သေးသည်။

" အန်ကယ်ကင်မ် ထယ်ယောင်းကနည်းနည်းလေး
စိတ်ညစ်လာလို့ ဒီနေ့အတော်သောက်လိုက်မိတာ "

နမ်ဂျွန်က ထယ်ယောင်းကိုသူ့ဒယ်ဒီကအော်နေလို့ ကာသည့်အနေဖြင့်ပြောပေးသည်။ထယ်ယောင်းရဲ့
ဒယ်ဒီကတော့ခေါင်းခါလိုက်ပြီး....

" အဲ့​ကိစ္စလေးနဲ့သောက်စရာလိုနေလား၊မင်းက
ဆိုးနေတော့ သူကရောဘာလို့သဘောကျမှာလဲ "

ဒယ်ဒီကင်မ်က သူ့သားထယ်ယောင်းဖြစ်နေသည့်
ပုံစံအားကြည့်ကာ ခေါင်းတစ်ခါခါလုပ်ရသည်။
အခြေအနေဆိုးစွာ အရက်ကိုသောက်လာတာမို့
ကင်မ်ထယ်ဆောင်းရိပ်မိသည်မို့အော်လိုက်၏။

Between The Hate [ Completed ]Where stories live. Discover now