"မဟုတ်ဘူး...ကျန့်ကျန့် ကိုယ်၀န်ရှိနေပြီထင်လို့"

"ဟေ..."

မားမားက မျက်လုံးပြူးမျက်ဆံပြူးနဲ့ လှည့်ကြည့်လာသည်။

"မနောက်စမ်းပါနဲ့အေ..."

"မားမားကလည်း အတည်ပြောနေတာနော်..."

"နင်ဘာမွှေမလဲဆိုတာ ငါသိနေပြီမို့လို့ မစနဲ့"

"အစ်မရဲ့ဆီးစစ်တံတွေရှိသေးလား"

"ဆေးသေတ္တာရဲ့အောက်ဆုံးနားမှာ  အဲ့တာဈေးကြီးကြီးနဲ့ပေး၀ယ်ထားတာနော် နင်ဆော့ဖို့မဟုတ်ဘူး"

"သိပါတယ်ဗျ...မားမားကလည်း အဲ့တာမျိုး၅ခုလောက် ကျန့်ကျန့်ပစ်၀ယ်လို့ရတယ်..ဟွန်း!"

"...."

အစ်မကိုယ်၀န်ရတုန်းကဆိုရင် ဒါတွေနဲ့စစ်ကြည့်ဖို့၀ယ်ထားတာမို့။တော်သေးသည် ရှောင်ကျန့်ယူကာ အိမ်သာထဲခဏ၀င်သွားတယ်
ဆီးစစ်တံကိုကိုင်လို့ ရှောင်ကျန့်ဆုတောင်းနေမိသည် ။

(A/N- ယခုခေတ်မှာတွေ့မြင်နေကြဆီးစစ်တံတွေက 1977 နဲ့
1988ခုနစ်ကြား တစ်ဝိူက်ကာလမှာပေါ်လာခဲ့တာဖြစ်ပါတယ်)

"ရပါစေ...မောင်လိုချင်နေတဲ့မောင့်ရဲ့ရင်သွေးလေး...မောင့်စီကနေအချစ်တွေမလုယူမဲ့ကလေးလေး..."

ရှောင်ကျန့်တုန်ရီစွာနဲ့ လက်ကိုဖယ်ကြည့်လိုက်တော့ အစင်းကြောင်းလေးနှစ်ခုပေါ်နေလေတယ်...ဒါကဘာလဲ ရှိတာလား
မရှိတာလား အညွှန်းစာရွက်မှာရေးထားတဲ့အတိုင်းသူလုပ်ကြည့်တာပဲကို...အောက်ဆုံးနားမှာရေးထားတယ် "မျဉ်းကြောင်းလေးနှစ်‌ခုပေါ်လာခဲ့ပါက
ဂုဏ်ပြုပါတယ် သင့်မှာ ရင်သွေးလေးရှိနေပါပြီ"တဲ့လေ..။

"မားမား!! မားမား!!"

"ဘာတဲ့လဲ...မရှိဘူးမှတ်လား...ထင်သားပဲ...နင်သက်သက်မဲ့လာဆော့နေတာပါလို့"

"မဟုတ်ဘူး မားမားရဲ့...ဒီမှာ.."

ရှောင်ကျန့်မားကြည့်လိုက်တော့ ဆီးစစ်တံမှာ မျဉ်းကြောင်းအစင်း
လေးနှစ်ခုပေါ်လွင်နေတာ။

"ဟယ်တော့..."

"မားမားမြေးချီရပြီနော်..."

"အေးကွယ်..."

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now