"ဂျောင်ကု"

"ဗျာ"

"ဘာလုပ်နေတာလဲ ....ခုထိရေမချိုးရသေးဘူးလား"

"ချိုးမလို့လုပ်ရင်း..."ဂျင်"ရောချိုးမလားဆိုပြီးစောင့်နေတာ...."

"ငါ့ဘာကိစ္စနဲ့စောင့်နေတာလဲ.."

"အတူချိုးမလို့လေ..."

"မချိုးပါဘူး ဘာကိစ္စအတူချိုးရမှာလဲ...."

"ဂျင်ကကွာ...ကိုယ့်ယောကျာ်းနဲ့အတူချိုးတဲ့ဟာကို...."

"မင်း...အဲ့လိုမျိုးတွေ အရှက်မရှိမထွက်လို့မရဘူးလား..."

"အမ်...မောင်က "ဂျင့်"ယောကျာ်းပဲလေ "ဂျင်"ကလည်း မောင့်ယောကျာ်းပဲဟာကို...မောင်ဘယ်မှာအရှက်မရှိတာပြောလို့လဲ...."

"အဲ့ဒါတော့ အဲ့ဒါဆိုပေမယ့်...မင်းမရှက်လည်း ငါရှက်တယ်...."

"အဲ့ဒါ..မောင်တို့က လင်မယားအရာမမြောက်သေးလို့ "ဂျင်"ရှက်နေတာ လင်မယားအရာမြောက်သွားရင် "ဂျင်"အခုလိုမရှက်တော့ဘူး...."

"ဘာကြီးလဲ လင်မယားအရာမြောက်တယ်ဆိုတာ ဘာကိုပြောတာလဲ...အခုကမမြောက်သေးဘူးလား လက်မှတ်လည်းထိုးပြီးပြီကို.....

"အဲ့ဒါပြောတာပေါ့ လက်ထပ်ထားပြီး လင်မယားအရာမမြောက်ရသေးလို့ပေါ့...."

"မင်းပြောတာ ငါနားမလည်ဘူး "ဂျွန်ဂျောင်ကု"...."

"လာ မောင်ပြောပြမယ် မောင့်အနားကိုလာ...."

ဂျောင်ကု ကုတင်ပေါ်ထိုင်နေရင်းကနေ မတ်တတ်လေးရပ်ပြီး အူလည်လည်ဖြစ်နေတဲ့"ဂျင့်"ကို အနားဆွဲခေါ်ကာ သူ့ပေါင်ပေါ်ထိုင်စေလိုက်ပြီး ခါးလေးကိုတင်းနေအောင်ဖက်ထားလိုက်သည်။ ပါးလေးတစ်ဖက်ကို နှာခေါင်းနစ်ဝင်တဲ့အထိနမ်းရှိုက်လိုက်ပြီး နားရွက်နားလေးတိုးကပ်ကာ တိုးတိုးလေးကပ်ပြောလိုက်တော့ "ဂျင်"က ချက်ချင်းပဲတုံ့ပြန်လာပါသည်။

"အယုတ်တမာကောင်... အရှက်မရှိတဲ့ကောင်...."

"အ့..အ..သေပါပြီ ..မောင့်ကိုဘာလို့ရိုက်နေတာလဲ..အ့...."

"အရှက်မရှိကောင်..မင်းဘာလို့ မဟုတ်မဟတ်တွေ လာပြောနေတာလဲ..."

BUNCH {စည်း}Complete ✔️Where stories live. Discover now