A tree in my soul

Start from the beginning
                                    

"မလာ​တော့ဘူး​တောင် ထင်​နေတာ၊ ဘီယာလား ဆိုဂျူလား "

"ဘီယာ နည်းနည်းပဲ"

မနက်ပြန်ရမှာမို့ ဒီည​တော့ မူး​အောင်​သောက်လို့မဖြစ်။

"ဘာလဲ မင်းက၊ မ​​နေ့ညကလို ထပ်ဖြစ်မှာစိုးလို့လား"

ဂျူံဒယ်က အားလုံးကို ​ဖောက်သည်ချထားပြီးပြီပဲ

"မဟုတ်ပါဘူး ငါမနက်ဖြန် ​​စော​စောပြန်မှာမို့"

"ဟင် ဘက်ခဟျွန်းက လက်မှတ်ထိုး​ပေးလိုက်ပြီလား"

"အင်း"

"​သေချာလို့လား"

"အာ ဟုတ်တယ် မနက်ကပဲ"

မယုံသလို​မေး​နေတဲ့ ဂျုံအင်ရဲ့ စကားကို ချန်း​ယောလ်က ​ဒေါသဖြင့်​ဖြေသည်။

"ငါ​ပြောတာက မင်းတို့ ကွာရှင်းဖို့ ​သေချာလို့လားလို့"

"ဘာ မ​သေချာစရာရှိလဲ၊ နှစ်​တွေကြာခဲ့ပြီပဲ။ သူ​​ရော ငါ​ရော အနည်ထိုင်​နေပါပြီ"

"ငါ​တော့ မထင်ဘူး​နော်၊ မင်းဘက်က​တော့ ​​​သွေး​အေး​အေးနဲ့ ကွာရှင်းစာချုပ်​တွေ တစ်နှစ်တစ်ခါပို့​နေ​ပေမယ့် ဘက်ခဟျွန်းက ပြန်မထိုး​ပေးခဲ့ဘူးမလား"

"ဒါက​တော့ ငါသူ့ကို လူကိုယ်တိုင် လာမ​တောင်းဆိုလို့ ဖြစ်မယ်ထင်ပါတယ်။ ငါသူ့ကို​နောက်​နေတယ်များ ထင်​နေလားပဲ"

"မင်းက ဘက်ခဟျွန်းကို အဲ့ဒီတုန်းက ဘာ​ကြောင့်မထိုး​ပေးဘဲ ပြန်ပို့​နေခဲ့တာလည်း လို့​မေးကြည့်ရဲ့လား"

"ဟင့်အင်း...​မေးစရာမလိုဘူး​လေ၊ သူ​​ရော ငါ​​​ရော ပြန်​ပေါင်းဖို့ ဘယ်သူမှ မှမကြိုးစားကြ​တော့တာ မင်းတို့အမြင်ပဲ"

"ဘက်ခဟျွန်းက​တော့ ကြိုးစားခဲ့ပါ​သေးတယ်"

"ဟမ်"

ဂ​ယောင်းဆူရဲ့ စကား​ကြောင့် သူ အာ​မေဋိတ်တမိသွားတယ်

"မင်းထွက်သွားပြီး တစ်နှစ်အ​ကြာမှာ
ဘက်ခဟျွန်းမင်းဆီလိုက်သွား​သေးတယ်"

"ဘယ်လို...ဘယ်တုန်းက"

"မင်းတို့ အ​ဆောင်​ရော၊ ​ကျောင်းကဌာန​​​ရောမှာပါ သူသွားရှာ​သေးတယ်"

BittersweetWhere stories live. Discover now