ဧည့်ခန်းသို့ရောက်ရော အခန်းထဲကထွက်လာသည့်
မေမေက ထယ်ယောင်းအနားလာကာပါးကိုဆွဲညှစ်
လို့မေးသည်။မေမေကတော့ သူ့ကိုကလေးလိုမျိုး
သဘောထားနေဆဲပဲ။

" ပိုင်ရှင်လှလှလေးနဲ့ ပြင်သစ်ကဧည်သည့်ကို လေဆိပ်မှာသွားကြိုဖို့ အတူသွားရမှာမေမေ "

မေမေက ကိုကိုအလှလေးအကြောင်းသိနှင့်နေပြီ
ဖြစ်သည်။ဒယ်ဒီကပြောပြထားတာရော သိချင်လို့
သူ့အခန်းထဲဝင်ကြည့်ရာကနေ ကိုကိုအလှလေးရဲ့
ဓာတ်ပုံကိုမြင်တွေ့ထားတာဖြစ်သည်။သူ့ကိုတောင်
ပြောသေးသည်။ကောင်လေးကယဉ်ယဉ်အေးအေး
လေးတဲ့။

သို့ပေမဲ့လည်း မေမေကကိုကိုအလှလေးကိုချီးကျူးနေလို့ ကိုကိုအလှလေးလက်သံပြောင်တာ
စွာတာကိုတော့ထည့်မပြောဖြစ်ဘူး။အရမ်းကိုချစ်ဖို့ကောင်းလွန်းလို့ အမေဖြစ်သူတအားချစ်သွားမှာ
တောင်ထုတ်ပြောဖို့တောင် မရဲဘူး။တော်ကြာ
သူတောင်လုချစ်ရမဲ့ဖြစ်လိုက်ခြင်းပင်။

" မေမေတွေ့ချင်ပြီ ကောင်လေးကို၊မြန်မြန်ချစ်သူ
ဖြစ်အောင်ကြိုးစားနော်၊သားရဲ့စိတ်ကြီးတာလေး
တော့လျှော့ပေါ့ ကလေးလေးရယ်၊အခုတော့
မနက်စာစားသွားဦး... "

ထယ်ယောင်းပါးကိုဆွဲညှစ်ရင်း မေမေကမနက်စာ
စားဖို့အတွက် ထမင်းစားခန်းဘက်သို့ခေါ်လာ၏။
ထမင်းစားခန်းမှာတော့ အဖိုးကခုံအလယ်မှာ
ထမင်းစားနေတာဖြစ်ပြီး၊ဒယ်ဒီကတော့ သူ့ကို
ကြည့်လိုက်ပြီး ပြုံးနေသည်။ဒေါ်လေးကတော့
သူ့ကိုရောက်ထည်းကကြည့်နေသည်။

" ဒေါ်လေးရဲ့သားလေးက တအားချောပြီးခန့်ညား
နေတာပဲကွယ်... "

ဒေါ်လေးကထယ်ယောင်းကိုကြည့်ပြီး ချီးမွန်းတော့
ဒယ်ဒီကအဖိုးဘေးက ဒေါ်လေးကိုကြည့်ကာဖြေ
သည်။မောင်နှမနှစ်ယောက်က သိပ်တည့်တာ
ခပ်ရှားရှား။

" အဲ့ဒါငါနဲ့တူတာလေအစ်မရဲ့ "

" ငါ့တူလေးက နဂိုထည်းကချောပြီးသားပါနော်၊
နင်ကသာ ယောင်းမလေးကိုယူပြီးမှလူရုပ်ထွက်
လာတာလေ၊ကိုယ့်အကြောင်းကိုယ်သိပေါ့ "

ထယ်ယောင်းကတော့ မောင်နှမနှစ်ယောက်ကြား
စကားမဖြေနိုင်တော့ဘဲ မေမေချပေးသည့်
ထမင်းနဲ့အသားကိုသာထည့်စားနေတာဖြစ်၏။
သို့ပေမဲ့အဖိုးကတော့ လူကြီးပီပီနားညီးမခံနိုင်လို့
ထပြောပြီဖြစ်သည်။

Between The Hate [ Completed ]Where stories live. Discover now