"ဟင် သတိရပြီလား ဏရီ တို့စိတ်ပူနေတာ ဘယ်လိုဖြစ်တာလဲဟင် ဘာတွေစိတ်ညစ်စရာတွေများရှိလို့လဲဟင်"

"တို့ကိုခဏလောက်ဖတ်ထားပေးလို့ရမလားဟင် တို့တအားပင်ပန်းနေပြီ"

ဏရီ့စကားအတိုင်း ကုတင်ပေါ် တဖတ်လွဲထိုင်ကာ ဏရီ့ရင်ခွင်ထဲသို့လှဲလျောင်းလိုက်လေသည်။ ထို့အတွက် ဏရီ့ရင်ခုန်သံများကိုသူအတိုင်းသားကြားနေရသည်။ ထို့အတူ သူ့နှလုံးခုန်သံတွေကိုဏရီမကြားစေဖို့သာကြိတ်ဆုတောင်းနေမိသည်။

"နိုဝယ်သိလား တို့လေ အရင်ကဒီလိုမျိုးတစ်ခါမှမခံစားဖူးဘူး တစ်စိမ်းတစ်ယောက်ကြောင့်အခုလိုငိုမိတာ ဒါဘဝမှာပထမဆုံးအကြိမ်ပဲ တို့လေမညာတမ်းဝန်ခံရရင် နိုဝယ့်ကိုရင်ခုန်တယ် တို့ရင်ခုန်သံတွေကိုကြားမိရဲ့လားဟင် တို့နိုဝယ့်ကိုတို့အနားမှာပဲရှိစေချင်တယ် နိုဝယ်ပြုံးပျော်နေတာမြင်ရင်တို့ကြည်နူးရတယ် နိုဝယ်နဲ့အတူရှိနေရင် တို့ကမ္ဘာမှာပန်းတွေပွင့်နေသလိုပဲ အရာရာကကြည်နူးဖို့ကောင်းနေတာ နိုဝယ့်ကိုမမြင်ရရင်တို့နေလို့အဆင်မပြေဘူး တခြားသူတွေနဲ့လဲနိုဝယ့်ကိုတွဲမမြင်ချင်ဘူး ဒါကသဝန်တိုတာဆိုရင်တို့ဝန်ခံရမှာပဲ တို့လေ နိုဝယ်သာကျေနပ်မယ်ဆိုတို့သေဆိုလဲသေရဲတယ် တို့အနားနိုဝယ်ရှိနေပေးနိုင်မယ်ဆို နိုဝယ်တောင်းဆိုတာမှန်သမျှတို့လိုက်ရောဖို့အဆင်သင့်ပဲ ဒါတွေဘာလို့လာပြောနေလဲဆို တို့ခံစားချက်တွေကိုဖုံးကွယ်မထားချင်တော့ဘူး တို့နိုဝယ့်ကိုချစ်တယ် အများကြီးချစ်နေမိပြီဆိုတာနိုဝယ်သိအောင်တို့ပြောပြချင်တယ် တို့ကိုပြန်မချစ်နိုင်လဲရပါတယ် တို့နိုဝယ့်ကိုဘယ်လောက်ချစ်လဲဆိုတာနိုဝယ်သိရင်တို့ကျေနပ်ပါပြီ"

ထို့နောက် ဏရီက ဖတ်ထားသည်ကိုလွတ်ပေးခဲ့ပြီး ပါးပြင်ပေါ်သို့မျက်ရည်များကျဆင်းလာပြန်သည်။ ထို့ကြောင့် နိုဝယ်သည်လဲ ဏရီ့ဘယ်ဘက်လက်ဖဝါးလေးအား သူ့ရဲ့ဝဲဘက်ရင်ဘက်ပေါ်တင်ပေးလိုက်လေသည်။

"ဏရီခံစားမိလား ဒါဏရီ့ကြောင့်ဖြစ်လာတဲ့ရင်ခုန်သံတွေပဲ နိုဝယ်လဲ ဏရီနဲ့ထပ်တူအဲ့လိုခံစားချက်တွေရှိတယ်ဆိုရင်ဏရီယုံမှာလားဟင် နိုဝယ်အဲ့လိုခံစားနေရတာတွေကိုအဓိပ္ပါယ်မဖွင့်ချင်လို့ရှောင်ပြေးနေခဲ့တာပါ ဒါကြောင့်ဏရီတစ်ယောက်ထဲကြိတ်ခံစားနေစရာမလိုပါဘူး ဏရီနဲ့ထပ်တူ တို့လဲအဲ့လိုခံစားချက်တွေဖြစ်နေရတာမို့ တို့လဲ ဏရီ့ကိုချစ်တယ်"

အကြည့်ချင်းစကားပြောနေမိပြီးနောက်တော့ သူတို့နှစ်ယောက်ရဲ့နှုတ်ခမ်းတစ်စုံမှာအရင်အကြိမ်များကဲ့သို့ ရမတ်မပါခဲ့ပါပဲ နူးနူးညံ့ညံ့ပုံဖော်နေခဲ့သည်။ အနမ်းများပေးနေခဲ့မိတာ အချိန်တစ်ခုအကြာ ပြန်ခွာချိန်မှာတော့နှစ်ယောက်လုံးမောဟိုက်နေပြီဖြစ်သည်။

"တို့ နိုဝယ့်ကိုချစ်တယ် အဲ့တာမှန်သောစကားပါ ဒါကြောင့် နိုဝယ်နဲ့နီးစပ်ရဖို့တို့ဘာတွေပဲလုပ်ရပါစေတို့လုပ်မယ် တို့အနားမှာတော့နိုဝယ်ရှိနေပေးပါနော်"

ထိုသို့ပြောပြီးနောက် ဏရီကနိုဝယ်အားဖတ်တွယ်လိုက်လေသည်။ နိုဝယ်သည်လဲဏရီ့ကျောပြင်အားပြန်လည်ဖတ်တွယ်ခဲ့ပြီးနောက် စိတ်ထဲမှနေဏရီ့ကိုလဲစကားများပြောနေခဲ့လေသည်။

^ဏရီကတို့နဲ့နီးစပ်ဖို့ဘာပဲလုပ်ရလုပ်ရပါဏရီရယ် နိုဝယ်ကတော့ ဏရီနဲ့အတူရှိဖို့ ဘယ်လိုလုပ်ရပ်တွေပဲလုပ်ရလုပ်ရလုပ်တော့မှာဏရီ ဏရီ့ကို ကျွန်မ သေချာပေါက်ပိုင်ဆိုင်ရမှဖြစ်မယ် ချစ်တယ်လို့ဝန်ခံခဲ့ပြီးပြီမို့ ကျွန်မအခုချိန်ကစပြီးလုပ်မဲ့အရာတွေအားလုံးက ဏရီ့အတွက်ပဲဖြစ်စေရမယ်^

ထိုမိန်းခလေးနှစ်ယောက်၏ချစ်ခြင်းများသီဖွဲ့နေစဥ်မှာတော့ social media များနှင့် စီးပွားရေးအသိုင်းအဝိုင်းများမှာပါ ပျံ့နှံ့သွားသည့်သတင်းက ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းရှင်သူဌေးကြီးဦးညာဏကျော်၏သမီးနှင့် ပြည်ထဲရေးရာမှဝန်ကြီး၏သားစေ့စပ်ပွဲသတင်းပင်ဖြစ်လေသည်။

×

tbc

trollZ

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now