စက်ပိတ်ထားသည့်ဖုန်းတစ်လုံးကိုအကြိမ်ကြိမ်ခေါ်နေမိပြီး မျက်ရည်များစွာဖြင့်ငိုကြွေးနေမိသည်။ နိုဝယ်ပြောပြထားသည့်နိုဝယ့်အခန်းဝရှေ့မှာ လူခေါ်ဘဲလ်ကိုအကြိမ်ကြိမ်တီးနေမိပြီး စက်ပိတ်ထားသည့်ဖုန်းကိုလဲအကြိမ်ကြိမ်ခေါ်ဆိုနေမိသည်။ အချိန်အတော်ကြာပြီးသည့်နောက်တော့ ငိုနေသည့်မျက်ရည်များကိုဖယ်ရှားလိုက်ပြီးနောက် စိတ်ကိုလျော့ချလိုက်သည့်အခါပျော့ခွေသွားကာ ထိုတံခါးရှေ့မှာတင်ပုံလဲကျသွားခဲ့ရသည်။ သူတအားပင်ပန်းနေခဲ့ပြီဖြစ်ပါသည်။

မျက်လုံးများမို့အစ်နေကာ ငိုထားသည့်အတွက်နှာခေါင်းထိပ်လေးမှာရဲနေသည့် မွေ့ယာထက်က ဏရီကိုသူတစ်ညလုံးထိုင်ကြည့်နေမိသည်။ အခန်းရှေ့ cctv မှာ ဏရီ့ကိုတွေ့ကထဲက ရှိသမျှအလုပ်များကိုထားခဲ့ချင်ပေမဲ့ ဒယ်ဒီကြီးနှင့်ပါ video call ခေါ်ကာအစည်းဝေးလုပ်နေရသဖြင့် အဆင်မပြေခဲ့ပါ။ cctv အားကြည့်နေရင်း ဏရီ့လုပ်ရှားမှုများရပ်တန့်ကာ လဲကျသွားသည့်အချိန် သူဘာကိုမှထပ်ဂရုမစိုက်နိုင်ပါပဲ ဏရီ့ထံအပြေးသွားခဲ့မိသည်။ သူ့လုပ်ရပ်အတွက်ဒယ်ဒီကြီးဆူတော့မည်ဆိုတာသူသိပါသည်။

ကားမောင်းနေရင်း အလွတ်ရနေသည့်ဏရီ့ဖုန်းကိုခေါ်နေပေမဲ့ ကိုင်မည့်သူမရှိခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် နိုဝယ်နေသည့်အထပ်တစ်ထပ်လုံးမှာ နိုဝယ်တစ်ယောက်ထဲသာနေသည်လေ။ ဒယ်ဒီကြီးစီစဥ်ပေးထားသည့်အတိုင်း။ ဘယ်လောက်တောင်ငိုထားသည်မသိ ဏရီ့မျက်ရည်များကအခြောက်သေးပါ။ သူ၏အခန်းထဲခေါ်လာပြီးကုတင်ပေါ်မှာလဲပေးပြီးသူထိုင်ကြည့်နေသည်အထိတောင် မျက်ရည်များစီးကျနေသေးသည့်ဏရီပါ။ဘယ်လောက်တောင်ငိုထားသည်မသိ ဏရီ့မျက်ရည်များကအခြောက်သေးပါ။ သူ၏အခန်းထဲခေါ်လာပြီးကုတင်ပေါ်မှာလဲပေးပြီးသူထိုင်ကြည့်နေသည်အထိတောင် မျက်ရည်များစီးကျနေသေးသည့်ဏရီပါ။

"အိပ်မတ်ထဲမှာတောင်ဘာတွေများခံစားနေရတာလဲဏရီရယ် ဏရီ့မျက်ရည်တွေက တို့ကိုငြင်းသတ်နေသလိုပဲ ဏရီ့မျက်ရည်တွေမမြင်ရအောင် တို့ဘယ်အရာတွေထိလုပ်ပေးရမလဲ"

ည ၁၁ နာရီထိုးခါနီးလောက်မှာ လှုပ်ရှားမှုပြုလာသည့်ဏရီ။ မျက်လုံးများကိုဖြေးဖြေးချင်းဖွင့်ပေမဲ့ မျက်ရည်များကြောင့်မျက်ခွံများကအဆင်မပြေ မျက်လုံးများကစပ်နေရသည်။ အရမ်းငိုမိ၍ ခေါင်းကထိုးကိုက်နေခဲ့ရသည်။ မျက်လုံးများတဖြေးဖြေးဖွင့်ကြည့်တော့မရင်းနီးသည့်နေရာထိုင်ခင်း။ ဘေးဘီဝေ့ကြည့်မိတော့ သူမလက်အားဆုတ်ကိုင်ကာ ကုတင်ပေါ်ခေါင်းလေးတင်ပြီးဘေးတစောင်းလေးအိပ်ပျော်နေသည့်နိုဝယ်။ ငိုနေရင်းစိတ်ကိုလျော့ချလိုက်ပြီးသူအသိစိတ်လွတ်သွားသည်ကိုသတိရလေတော့ သပြင်းလေးခပ်သဲ့သဲ့ချမိသွားသည်။ တိတ်ဆိတ်နေသည့်အခန်းထဲ သူ၏လှုပ်ရှားမှုကြောင့်ကော သက်ပြင်းချသံကြောင့်ပါ နိုဝယ်နိုးလာလေသည်။

ဒဏ္ဏာရီ - θρύλος (completed-9)Where stories live. Discover now