ယာဉ်က အဓိကလမ်းမပေါ်သို့ ဖြည်းဖြည်းချင်းမောင်းလာပြီး အိမ်​၏ ဘယ်ဘက် ၊ သစ်ပင်စိမ်းတွေ အောက်တွင် ရပ်လိုက်သည်။

ဖေရှု့ သွက်သွက် လျှောက်လာသောအခါ ခရီးသည်ခုံတံခါးပွင့်လာပြီး ချန်ပေါ်ချောင်ကားထဲမှထွက်လာတာကို တွေ့လိုက်ရသည်။

သူဟာ အရောင်ဖျော့ လီနင်အပါးရှပ်ကို ဝတ်ထားပြီး ဆံပင်တို့က တရားခွင်မှာပေါ်လာခဲ့သော ဗွီဒီယိုမှတ်တမ်းထဲကထက်အနည်းငယ် ပိုရှည်နေသည်။ ပြီးလျှင် ခေတ်လွန်နေကာမျက်မှန်တစ်လက်ကိုလည်း တပ်ထား​၏။ သူ့ကြည့်ရတာလန်းဆန်းနေပြီး ဘန်ကောက်​၏နေရာတိုင်းမှာ တွေ့နေရသော ခရီိးသွားဧည့်သည်မျိူးနှင့်ဆင်တူနေကာ အလိုရှိရာဇဝတ်သားနှင့် လုံးဝမတူပေ။

" ဖေရှု့ " ချန်ပေါ်ချောင်က နေကာမျက်မှန်ချွတ်၍ ဖေရှု့ကို ခေါင်းညိတ်ပြသည်။

ဖေရှု့မှာ ချန်ပေါ်ချောင်တစ်ယောက် သည်ရက်တွေမှာ ကောင်းကောင်းမွန်မွန်နေရသည့်ပုံစံဖြစ်နေကြောင်း သိလိုက်ရပြီးသူမှန်းထားသကဲ့သို့ ဖိုသီဖတ်သီနှင့်နွမ်းလျနေသော ပုဂ္ဂိုလ်မျိူးနှင့် လုံးဝမတူနေ​၏။

ချန်ပေါ်ချောင်က ဖေရှု့ထံ အရင်လျှောက်လာသည်။ နှစ်လှမ်းလောက်ပြီးမှ သူက ရုတ်ခြည်းရပ်သွားကာ တစ်စုံတစ်ရာအား အမှတ်ရသလို အနောက်ပြန်လှည့်ကြည့်​၏။

" ခဏလေး " ချန်ပေါ်ချောင်က ပြောရင်း နောက်လှည့်သွားလျက်။ သူက အရှေ့ဒရိုင်ဘာတံခါးဆီသို့ ပြန်လျှောက်သွားကာ ငုံ့ကိုင်းပြီး ပြတင်းပေါက်ကို ခေါက်လိုက်သည်။

ဖေရှု့လဲ ချန်ပေါ်ချောင်နောက် ကပ်လိုက်သွားပြီး ကြည့်နေလိုက်သည်။ ကားပြတင်း နှိမ့်လာ၍ ပြတင်းပေါက်နောက်မှ ကျန်းကျွယ်​၏မျက်နှာက ပေါ်လာခဲ့​၏။

ကျန်းကျွယ်သည်လည်း နားဝေတိမ်တောင်ဖြစ်သွားဟန်။သူက ချန်ပေါ်ချောင့်ကို နားမလည်သလို ကြည့်ပြီး မေးလိုက်သည် : " ဘာလို့လဲ ? "

သူဟာ ဖေရှု့မှတ်မိသည့်အတိုင်း ဖျော့တော့နေဆဲ။ သို့တိုင် သူ​၏ ဆံပင်တွေက ပိုရှည်လာပြီး လည်ပင်းနောက်မှာ ခပ်လိမ်လိမ် စည်းနှောင်ထားသည်။ သူ့အသံကလဲ တိုးနေဆဲဖြစ်တာကြောင့် ဖေရှု့ပင် ကောင်းကောင်းမကြားရပေ။

ဆည်းဆာရိပ်လမ်းသွယ် || ဘာသာပြန် || 『Completed』Where stories live. Discover now