ဆန္ဒတွေပြီးမြောက်သွားတဲ့အချိန်မှာတော့ အချိန်တွေလည်း အတော်ကုန်သွားပြီမို့ နှစ်ယောက်လုံးလည်း မောပန်းနေပြီဖြစ်သည်။
ဘေးစောင်းလှဲနေတဲ့ ကျောင်ပြင်လေးကို ရင်ခွင်ထဲသိမ်းကျုံးပြီးထည့်ဖက်ထားလိုက်သည်။
အနွေးဓာတ်လေးလိုနေလို့။

"အိပ်လိုက်နော်..... အိပ်ယာခင်းတွေလဲတာနဲ့ သန့်ရှင်းရေးကို ကိုယ်လုပ်ထားပေးမယ်။"

ရွှတ်!! ရွှတ်!!

ပုခုံးစွန်းလေးတွေကိုလည်း တဖွဖွနမ်းမိပြန်သည်။
တစ်ကိုယ်လုံး သူမထိတွေ့ဖူးတဲ့နေရာ မရှိသလောက်မို့ နေရာတိုင်းကိုလည်း အမြတ်တနိုးနမ်းရှိုက်မိသည်။
ငိုထားတဲ့မျက်နှာလေးကလည်း နှာဖျားလေးကအစရဲနေဆော့ အသဲတယားယားဖြစ်နေရသည်။
ချစ်လိုက်ရတာတွေများး။

"သိပ်ချစ်တယ် ကိုယ့်သက်ဆိုင်သူလေး"

"ချစ်တယ်။ငါရဲ့ပထမဆုံးနဲ့ နောက်ဆုံးဆိုတဲ့အရာတွေက အမြဲတမ်းမင်းအတွက်ပဲ။ဆယ်ကျော်သက်အရွယ်က ရင်ခုန်သံတွေကတောင် မင်းမှမင်းဖြစ်နေခဲ့တာ။
စိတ်ခံစားချက်ရှိတဲ့အတိုင်း ထုတ်ဖော်မပြောပြတတ်ပေမဲ့ ငါမင်းကို အချစ်ဆုံးပါ။
မင်းငါ့ကိုသဘောမကျခဲ့တဲ့အချိန်တွေတုန်းကလည်း ချစ်နေခဲ့တာပဲ။ ချစ်သူတွေဖြစ်သွားကြတဲ့အချိန်တွေမှာလည်း မင်းတစ်ယောက်တည်းပဲ။ ငါ့ဘဝရဲ့ အချိန်တော်တော်များကို မင်းအကြောင်းတွေးရင်းနဲ့ပဲ ကုန်ဆုံးခဲ့တာ။
ခု အိမ်ထောင်ဘက်တွေဖြစ်သွားကြတဲ့အချိန်မှာလည်း ငါကပြည့်စုံနေတဲ့သူမဟုတ်ရင်တောင် မင်းအတွက် အကောင်းဆုံးအိမ်ထောင်ဘက်အဖြစ်ရှိနေပေးမယ်။နောက်ဆုံးအချိန်ထိပေါ့။"

"........"

"ဟင် ငိုနေတာလား "

ဘာသံမှမထွက်ဘဲ တိတ်သွားတာမို့ လှည့်ကြည့်လိုက်တော့ မျက်ရည်တွေသုတ်နေတာကိုမြင်ရသည်။

"ငိုရအောင်လို့ပြောပြတာမှ မဟုတ်ပဲကွာ"

"ပျော်လို့ပါ ပျော်လို့ငိုတာ ကိုယ့်အမျိုးသားကဒီလောက်ချစ်ပေးတော့ ပျော်လို့"

"အဟင်းး"

"မင်းကို ပိုင်ဆိုင်ခွင့်မရခဲ့ရင် ကိုယ်ရူးသွားမယ်ထင်ပါရဲ့"

ချစ်ခြင်းတွေ ထပ်တူမကျသောအခါဝယ်Onde histórias criam vida. Descubra agora