jiminသူ့ရှေ့၌သူ့လူကိုပိုင်ဆိုးပိုင်နင်းလုပ်နေတဲ့ မိန်းမကို သူစူးရဲစွာစိုက်ကြည့်လိုက်သည်

ငယ်ရွယ်တဲ့မိန်းကလေးဟာjiminရဲ့အကြည့်တေကိုကြောက်လာမိသည် သူထိုအမျိုးသားရဲ့လက်ကို လွှတ်ချကာအပြင်ထွက်လာလိုက်သည် သူမကအလျင်မလိုပါဘူး အချိန်တေအများကြီးရှိနေသေးတယ်လေ

"အိမ်ပြန်ရအောင်"

jkကသူ့Bossရဲ့အပြောကိုခေါင်းငြိမ့်သည်

ကားအတွင်း၌တိတ်ဆိတ်မှုကကြီးစိုးနေသည် jungkook လဲသူ့Bossပင်ပန်းနေတာကြောင့် သူဘာမှမပြောတော့ သူ့Bossကြည့်ရတာ ဒီနေ့မှ တခြားနေ့တေနဲ့မတူ အေးစက်နေသောကြောင့်ဖြစ်သည်

"နောက်ခါသူစိမ်းတေအနားကပ်မခံနဲ့"

"ဗျာ"

jungkook အယောင်ယောင်အမှားမှား "ဗျာ"လို့သာပြောနိုင်သည်

"ကျွန်တော်က Boss မျက်နှာပျက်မှာဆိုးလို့ပါ "

"ရတယ် ကိုယ့်မျက်နှာပျက်မှာစိတ်မပူနဲ့ အဲ့လိုတေရှိလာရင် စိတ်ရှိသာရိုက်ချလိုက် ကိုယ်တာဝန်ယူတယ်"

("မိန်းကလေးကိုမရိုက်ချင်ပါဘူး Bossရာ")

jungkook ထိုစကားကိုစိတ်ထဲမှာသာပြောလိုက်ပြီး အပြင်ဘက်မှာတော့ bossကိုခေါင်းငြိမ့်ပြလိုက်သည်

jungkook တို့အိမ်စီရောက်တော့ ဆူပုတ်နေတဲ့ မင်ဟိုလေးနဲ့ကြုံလိုက်တော့သည် မနက်ကကျောင်းလိုက်ပို့ပေမဲ့ ညနေကျတော့ meeting party ရှိလို့အချိန်မရှိတာကြောင့်ညသွားမကြိုဘဲ တခြားdriver နဲ့သာသွားကြိုခိုင်းလိုက်တာကြောင့်ဖြစ်သည်

jungkook အသည်းယားတာကြောင့်မင်ဟိုလေးကို ကောက်ချီဖို့အလုပ်

"မချီနဲ့အရင်ရေသွားချိုး"

jk".."

jiminရဲ့အပြောကြောင့်အချီခံချင်တဲ့ မင်ဟိုလေးကဆူပုပ်သွားသလို jungkook ကလဲ ကြောင်သွားသည်

"မင်းparty မှာဟိုမိန်းမရဲ့ရေမွှေးနံ့တေနဲ့ မင်ဟိုလေးနေမကောင်းဖြစ်လိမ့်မယ်"

"ပါးကတခြားမိန်းကလေးနဲ့ ချိန်းတွေ့ခဲ့တာလား"

မင်ဟိုလေးကမျက်လုံးလေးတေဝိုင်းကာမေးလိုက်သည်

Secretary Jeon 🍒Where stories live. Discover now