part 5

158 12 4
                                    

"လေးလေးညို မောနင်း"

မီးဖိုချောင်မှာ မနက်စာပြင်နေတဲ့ အဘညိုက ပြန်လည်ပြုံးပြကာ

"မောနင်းပါ မင်ဟိုလေး"

အိမ်ကြီးရဲ့ ဆည်းလည်းလေးအသံကြောင့် ဧည့်ခန်းမှာ ကော်ဖီသောက်နေတဲ့ jiminကိုမျက်ခုံးပင့်စေသည် အရင်က 8နာရီကျော်ထဖို့တောင် အတင်းတိုက်တွန်းနေရတဲ့ သူ့ဖက်ထုတ်လေးကအခုတော့ 8နာရီတောင်မထိုးသေးဘဲသူ့ဘာသာထနေတယ်တဲ့လား စိတ်ဝင်စားစရာဘဲ

"ဒယ်ဒီ မောနင်း"

"omm မောနင်း"

jiminရဲ့ခပ်တန့်တန့်အသံကြောင့်

မင်ဟိုမနေ့က ကိစ္စကိုစိတ်ဆိုးမပြေသေးတာသိလိုက်တာမို့ နှုတ်ခမ်းလေးဆူကာ jiminရဲ့ဘေးနားမှာထိုင်လိုက်ပြီး ပန်းကန်ထဲက ကိတ်မုန့်ကိုနှိုက်စားနေလိုက်သည် သူ့မျက်လုံးလေးကလဲငြိမ်ငြိမ်မနေဘဲ အိမ်ကြီးထဲမှာတယောက်ယောက်ကိုရှာနေသလိုမျိုး လိုက်ကြည့်နေသည်

သေချာတာပေါ့ သူ့ပါးကိုရှာနေတာ သူနိုးနိုးချင်း သူ့ပါးအခန်းကိုသူသွားကြည့်သေးသည် မရှိတော့နိုးနေပြီမှန်းသိလိုက်တာဖြစ်သည် သူကနိုးနိုးချင်း ပါးကိုတွေ့ချင်တာကို

jiminကတော့ ဖက်ထုပ်လေးရဲ့အမူအယာကြောင့် သူမနေနိုင်စွာ မပြုံးဘဲမနေနိုင်တော့

"ဒယ်ဒီ ဟိုပါးကောဟင်"

"အဟွက်...အဟွက်"

jiminသောက်နေတဲ့ကော်ဖီတေတောင် သီးကုန်သည်

"ပါး"

"omm မနေ့ကပါး လေ မင်ဟိုကို ပုံပြင်ပြောပြတယ်"

"Ohh!!"

ကလေးပီပီသွက်လပ်စွာပြောပြနေတဲ့ သူ့ဖက်ထုပ်လေးကိုကြည့်ပြီး ဒီမနက်သူ့ကိုမျက်ခုံးပင့်စေတာဘယ်နှစ်ချိန်မှန်းမသိတော့

"Boss"

"ပါး"

မင်ဟိုကမျက်လုံးလေးတေတလက်လက်တောက်ပကာခေါ်လိုက်သည်

မင်ဟိုရဲ့အခေါ်ကြောင့် jkတချက်ကြောင်ကာ နောက်တော့ရှက်ပြီး နားရွက်လေးတေနီရဲသွားသည်

"အဟန့် မနက်စာစားတော့လေ ကျောင်းသွားရတော့မယ်မဟုတ်ဘူးလား"

Secretary Jeon 🍒Dove le storie prendono vita. Scoprilo ora